အပိုင်း ၁၇

46 10 0
                                    

ရှဲ~

ရွာထဲကကလေးတွေရော လူငယ်တွေပါစုပေါင်းပြီး ငရဲမီးဆော့နေကြတာကြောင့် ရှဲခနဲ ရှဲခနဲမြည်သံတွေရော ဝုန်းခနဲထထတောက်တဲ့မီးတောက်ရဲ့အရောင်အဝါတွေပါ
ထိုနေရာမှာပျံ့နှံ့နေတယ်။

ထိုနေရာနဲ့ခပ်လှမ်းလှမ်းကအပင်အောက်မှာထိုင်ကာ ထိန်ထိန်သာနေတဲ့လမင်းကြီးအားကိုးနဲ့ အမှောင်ထုကိုအံတုကာ စကားစမြည်ပြောနေကြတဲ့ရွာသူရွာသားတို့က သူ့အစုလေးနှင့်သူ။

အားလုံးဟာဘုရားမှာဆီမီးတစ်ထောင်ပူဇော်ပြီးပြန်လာကြတဲ့လူတွေသာဖြစ်သလို ထိုထဲမှာ ရာဟုနဲ့ ခွန်ဆစ်ငြိမ်းကလည်းအပါဝင်ပင်။

"ရာဟု ငရဲမီးဆော့ဖူးလား"

"ဆော့ဖူးးတာပေါ့အစ်ကိုရ ကျွန်တော်ကဒီလိုမျိုးဆော့နည်းတွေနဲ့ကြီးလာတာပဲလေ"

မျက်ခုံးထင်းထင်းအောက်က ခပ်ကြီးကြီးဗာဒံစေ့သဏ္ဍာန်တူမျက်ဝန်းလေးက ပျော်ရွှင်မှုအရိပ်အရောင်တွေနဲ့ အနည်းငယ်ကော့တက်လို့နေတယ်။

"ငယ်ဘဝကပျော်စရာကောင်းခဲ့လား"

"အင်း...အတိအကျမမှတ်မိပေမယ့် ပျော်စရာကောင်းခဲ့မယ်ထင်တာပါပဲဗျာ။ ပုဆိုးကွင်းသိုင်းပြီး ဂွေလှိမ့်ရင်လှိမ့်နေခဲ့မှာပေါ့ ဟားဟား"

"အစ်ကို့ငယ်ဘဝကတော့ပျင်းစရာကြီး...."

ဆွေးဆွေးမြေ့မြေ့လေးပြောလာတဲ့အစ်ကို့လေသံကြောင့် ထိုင်နေတာတောင် ကိုယ့်ထက်အနည်းငယ်မြင့်နေသည့် မျက်နှာကိုလှမ်းကြည့်မိလိုက်၏။

"အစ်ကိုကမြို့မှာနေတာလေ ဘာပျင်းစရာရှိလို့လဲ သွားစရာနေရာတွေမှပေါပါ့ဗျာ"

"အထီးကျန်ဆန်တယ်ကွ ကောင်လေးရ။ ငြိမ်းငြိမ်းနဲ့ကခြောက်နှစ်ကွာတယ်လေ အဲ့တော့ အစ်ကိုနဲ့ဆော့ဖို့သူကငယ်လွန်းတယ်"

"သူငယ်ချင်းတွေကရောဗျ"

"သူငယ်ချင်းလား...မရှိပါဘူးကွာ ဖေဖေကအမြဲသူငယ်ချင်းဆိုတာမယုံရတဲ့လူဆိုပြီးပဲပြောနေခဲ့လို့ အစ်ကို့မှာငယ်ဘဝသူငယ်ချင်းတွေမရှိခဲ့ဘူး။ ကံကောင်းတယ်ပြောရမလား ၁၀တန်းရောက်တော့ တေဇနဲ့သိခဲ့ရတယ်လေ"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now