"ကိုကိုကြီး ကိုကိုကြီး ကိုကိုကြီးရေ"
အသံလေးတဆာဆာနှင့်ကြွေပြားခင်းထားတဲ့လှေကားတွေပေါ်ပြေးတက်လာတဲ့ခြေသံလေးဟာပဲ့တင်ထပ်နေသလို ခပ်မြန်မြန်ပဲတိတ်ဆိတ်ကာကျန်နေခဲ့တယ်။
"ကိုကိုကြီး..."
အခန်းတံခါးကိုခေါက်မနေတော့ဘဲ နာမည်အော်ခေါ်ကာ ဇိုးခနဲဇက်ခနဲဆွဲဖွင့်ခြင်းခံလိုက်ရတဲ့ ကျွန်းတံခါးရဲ့နောက်ကွယ်မှာတော့ ရေစိုပြီးရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ရပ်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ်။
"ပြော ငြိမ်းငြိမ်း"
"ကိုကိုကြီးအားလား"
"ခေါင်းရေသုတ်ရဦးမယ်"
ယခုမှရေချိုးပြီးကာစပုံပေါက်နေတဲ့သူမအစ်ကိုကိုတစ်ချက်သာကြည့်ပြီး အခန်းထဲတိုးဝှေ့ပြီးဝင်ချသွားတာကသူမအခန်းအတိုင်းပင်။
"ဒီနားလာထိုင်လေ သမီးသုတ်ပေးမယ်"
ခဲရောင်အဆင်အိပ်ယာခင်းခင်းထားတဲ့မွေ့ယာပေါ်တက်ထိုင်ပြီးပြောနေတဲ့ညီမဖြစ်သူကြောင့် အခန်းထောင့်ကအဝတ်တန်းပေါ်တင်ထားတဲ့ သဘတ်အတိုလေးကိုယူကာ အရှေ့မှာဝင်ထိုင်ပေးလိုက်တယ်။
"ကိုကိုကြီးကအရပ်ကြီးကလန်ကလားနဲ့အဲ့လိုကြီးထိုင်နေတော့ သမီးဘယ်မှီပါ့မလဲ"
"သူကဖြင့်လူစင်မမှီပဲနဲ့"
"ကိုကိုကြီးအဲ့လိုတော့မပြောပါနဲ့နော် မေမေကပြောတယ် သမီးကကြီးရင်အရပ်ရှည်လာဦးမှာတဲ့"
"ဘယ်နှစ်လက်မလဲ"
"ပြောရမလား ကိုကိုကြီးလောက်ရှည်ရင်ရှည်လာမှာပေါ့"
"၄ပေကျော်အရပ်က ၆ပေကိုပြောရဲတယ်နော်"
"အခုတော့အောက်မှာဆင်းထိုင်လိုက်ပါဦး ၆ပေသခင်ကြီးရယ်"
ခေါင်းတစ်ရမ်းရမ်းနဲ့ညီမဖြစ်သူစကားကိုလိုက်လျောပေးကာ ပါကေးခင်းထားတဲ့အိပ်ခန်းကြမ်းပြင်ပေါ်ထိုင်ချပေးလိုက်တယ်။
"ကိုကိုကြီး သိပြီးပြီလား"
သူ့နာမည်တစ်ဆာဆာအော်ပြီးလာရှာတည်းက သတင်းစကားတွေသယ်လာပြီဆိုတာသိပြီးသားပင်။ တစ်အိမ်လုံးကသတင်းတွေအကုန်သယ်သယ်လာပေးတဲ့ညီမဖြစ်သူကြောင့် လူကြီးတွေကတိုက်ရိုက်မပြောပြရသေးတာတောင် သူ့မှာကြိုကြိုသိနေရသည်လေ။
YOU ARE READING
ရေလိုအေးလို့ပန်းလိုမွှေးစေ
Fanfictionချစ်ခြင်းတွေဟာရိုးရှင်းပါတယ်။ လူနှစ်ယောက်ကြားကအချစ်ကြိုးလေးတွေဟာလဲ မေတ္တာမှန်ရင်သံမဏိတွေထက်တောင်မာကြောနိုင်သေးတယ်လေ။ /သျှရီသလင်း Start date-22/10/12