အပိုင်း ၂၃

51 11 4
                                    

ဒီဇင်ဘာလကျော်တာနဲ့ မန္တလေးဆောင်းကတစ်ဖြည်းဖြည်း ဆရာဖေရဲ့တေးထပ်လို လမ်းဆုံကနေဟစ်အော်ပစ်ချင်လာတဲ့အထိ အအေးဓာတ်ပိုကဲလို့လာတယ်။ အအေးကြိုက်ပါတယ်ဆိုတဲ့သူတွေတောင်အပေါ်ထပ်အနွေးထည်ထူထူဝတ်နေရသည်အထိအေးလွန်းလှပါတယ်။

ဆောင်းရာသီမနက်ခင်းတွေက 6နာရီလောက်ထိမြူမကွဲသေးသလို ကောင်းကင်တစ်ခွင်လုံးအမှောင်အတိဖုံးလွှမ်းကာ နေမင်းရဲ့နွေးထွေးတဲ့အလင်းတစ်ပြောက်တောင်မရှိ။ ပုံမှန်သွားလာလှုပ်ရှားနေသူတွေကလွဲရင် ကျန်သူများအတွက်ကတော့ အိပ်ယာထဲကအနွေးဓာတ်ကိုစွန့်ခွာဖို့ခက်ခဲလွန်းလှတယ်။

​ရာသီဥတုဘယ်လောက်အေးပါစေ အသန့်ကြိုက်တဲ့ခွန်ဆစ်ငြိမ်းကတော့ မနက်စောစော ရေနွေးကြိုပြီး ရေထချိုးကာ အများအမြင်ကိုဂရုမစိုက်လှ။

"သားဆစ်အနွေးထည်ထူထူဝတ်ထားနော်"

ဘုရားကန်တော့ပြီး အောက်ကိုဆင်းဖို့ပြင်နေတဲ့ မေမေက ရေချိုးခန်းထဲကထွက်လာတာကိုစောင့်ရင်း မှာလို့သွားတယ်။

"ဟုတ်မေမေ"

"ရာဟုလဲရေချိုးမယ်ဆိုမြန်မြန်ချိုးလို့။ ရေနွေးမအေးခင်ချိုးကြ"

မေမေကတော့ ဂွမ်းအနွေးထည်ဝမ်းဆက်အပြင် သိုးမွှေးဦးထုပ်ပါဆောင်းထားပြီး ဆောင်းရာသီအအေးဓာတ်တွေကနေရှောင်ပုန်းလို့နေတာပါပဲ။

အခန်းထဲဝင်သွားတော့ စာကြည့်စားပွဲရှေ့ငုတ်တုပ်လေးထိုင်နေတဲ့ကောင်လေးကို မစပဲမနေနိုင်။ အေးနေတဲ့လက်ချောင်းတွေနဲ့ နားရွက်ကိုအုပ်ကိုင်လိုက်တော့ နေရာမှာတင်တောင့်တောင့်လေးဖြစ်သွားသလို
အာမေဋိတ်အသံလေးပါထွက်လို့လာတယ်။

"အိပ်ငိုက်နေမှာဆိုးလို့ အစ်ကိုကစေတနာနဲ့ပါကွ"

ဒီလိုဆိုပြန်တော့ မျက်လုံးလေးစွေလို့ကြည့်လာတယ်။

ဒီကောင်လေးကတော့လေ သူ့ကိုယ်သူဘာရုပ်လေးဖြစ်နေလဲဆိုတာသိကောသိရဲ့လားမသိ။

"ရေချိုးမယ်ဆိုမြန်မြန်သွားချိုး။ ရေနွေးတစ်အိုးရှိသေးတယ်"

"အေးတော့အေးသားဗျ။ မန္တလေးဆောင်းက နေဖူးမှအေးမှန်းသိတော့တယ်ဗျာ"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now