အပိုင်း ၄

77 10 0
                                    

"ငြိမ်းငြိမ်း ငြိမ်းငြိမ်း ထတော့ မကွေးရောက်နေပြီ"

"ဟင် အင်း~"

ငြိမ်းငြိမ်းတစ်ယောက် ကားထွက်တည်းကမုန့်စားပြီး မုန့်လဲကုန်ရောအိပ်လိုက်လာတာ မကွေးရောက်မှနိုးသည့်အဖြစ်။

"ထမင်းစားနားကြတာပေါ့"

မကွေးမြို့ထဲကထမင်းဆိုင်တစ်ဆိုင်မှာနားကာ ထမင်းဝင်စားရင်း ရွာကလာကြိုသည့်သူများကိုဖေဖေက အဆက်အသွယ်လှမ်းလုပ်နေတယ်။

"မေမေ သမီးထမင်းကြော်စားလို့ရမလား"

"တစ်ပွဲလုံးကုန်လား ငြိမ်းငြိမ်း"

"ကိုကိုကြီးနဲ့တူတူစားမယ်လေ"

"သားဆစ်ကရော"

"ရတယ်မေမေ ငြိမ်းငြိမ်းနဲ့တူတူစားလိုက်မယ်ရယ်"

ခရီးထွက်လျှင်ထမင်းကိုဟုတ်တိပတ်တိမစားတက်တဲ့ကျွန်တော်တို့မောင်နှမက မုန့်သည်သာအဓိက။

"ကိုကိုကြီး သမီးကိုဓာတ်ပုံရိုက်ပေးဦး"

"ကင်မရာကကားထဲကျန်ခဲ့တယ်လေ"

"ဟွန် မေမေ့ကင်မရာနဲ့ရိုက်လို့ရတယ်လေ"

"အင်းပြီးရင်ရိုက်ပေးမယ်"

ဓာတ်ပုံရိုက်တယ်သာပြောတယ် ငြိမ်းငြိမ်းကဘယ်တော့မှလှလှပပမနေ။ ကုပ်ချောင်းချောင်း လုပ်ရင်လုပ် မလုပ်လျှင် ငြိမ်တယ်ဆိုတာခပ်ရှားရှားပေ။

ထမင်းစားသောက်ပြီးထွက်လာတော့ ဖေဖေ့ညီ ဦးလေးမြင့်မောင်နှင့်နောက်တစ်ယောက်က ဆိုင်ကယ်စီးကာရောက်လာတယ်။

မနက်တည်းကရွာကနေထွက်လာပြီးစောင့်နေတယ်ပြောတာကြောင့် မေမေကထမင်းကျွေးရန်ပြောသော်ငြား ထမင်းစားပြီးကြပြီဖြစ်ကာ အရှေ့မှာလဲ လူတွေစောင့်နေသေးကြောင်းပြောတာကြောင့် အချိန်မဆွဲတော့ပဲ ရွာကိုသာတိုက်ရိုက်မောင်းထွက်လာခဲ့ကြတယ်။

ချောင်းရေကျနေတာကြောင့် ရွာအဝင်မှာကားဘီးချော်သွားပြီး နှောင့်နှေးခဲ့ရသေး။ ကားတွန်းပေးသူကပေး ပေါက်ပြားနဲ့တူးပေးသူကတူးပေးနဲ့မို့ လျှောလျှောရှုရှုဖြစ်သွားခဲ့တာက ကံကောင်းတာပဲ။

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now