အပိုင်း ၅

77 10 0
                                    

"ဒေါ်အေးကြည် ဖုန်းလာနေတယ် ဒေါ်အေးကြည်"

အိပ်နေရင်းကနေဘာမှတောင်မတွေးလိုက်နိုင် မျက်စိနှစ်ဖက်အလိုလိုပွင့်ကာ လူကကြောင်တောင်တောင်ဖြစ်သွားရသလို နှလုံး
ကပါတစ်ဒုန်းဒုန်းခုန်ပြီးလန့်သွားရသေး။

ဟိုကြည့်ဒီကြည့်ကြည့်မိတော့မှ မနေ့က ပြတင်းပေါက်ဘေးကခင်းထားတဲ့ဖျာမှာအိပ်ပျော်သွားမှန်းသတိရတယ်။

အသံကျယ်ကျယ်ကြောင့်ခေတ္တခဏအလုပ်မလုပ်တော့တဲ့ဦးနှောက်က အခုပုံမှန်ပြန်လည်ပတ်လာသလိုရှိတာကြောင့် အိပ်နေရာကနေထထိုင်လိုက်ကာ ဟိုကြည့်ဒီကြည့်ကြည့်နေလိုက်တယ်။

ဟိုဘက်ကဖျာမှာအိပ်ပျော်နေတဲ့ငြိမ်းငြိမ်းက ကွေးကွေးလေး။ နွေရာသီဖြစ်ပေမယ့်ညလေအေးတိုက်တာကြောင့် ညကအေးအေး
လေးအိပ်လိုက်ရသည်။ဖေဖေနဲ့မေမေကထသွားပြီထင်ပါရဲ့ ငြိမ်းငြိမ်းနဲ့ကျွန်တော်သာ အိမ်ကြီးပေါ်မှာကျန်နေခဲ့တယ်။

ခြေသံတစ်ဒုန်းဒုန်းနဲ့အိမ်ပေါ်တက်လာတဲ့အသံကိုကြားလိုက်တော့ အပေါက်ဝဘက်ကကြည့်နေတဲ့မြင်ကွင်းထဲရောက်လာတာက သနပ်ခါးတွေဖွေးနေ​ေအာင်လိမ်းထားသည့် မော်မော်ပင်။

"ကိုကြီးကိုဆစ်နိုးနေပြီလား"

"အင်း စောနကအသံကြားလိုက်လို့"

"အာ ဖုန်းလာလို့ခေါ်တဲ့အသံကိုကြားသွားတာထင်တယ်"

"ဖုန်းလာရင်ခေါ်တာ"

ဒီကောင်မလေး စောစောစီးစီးဘာတွေပြောနေတာလဲ။ ဖုန်းအသံကအဲ့လောက်ထိကျယ်ပါ့မလား။ ကြားလိုက်ရတာအသံချဲ့စက်အသံလိုလို ဘာလိုလိုနဲ့လေ။

"ဟုတ်တယ်ကိုကြီးကိုဆစ်ရဲ့ ရွာမှာမော်မော်တို့အိမ်ပဲဖုန်းလိုင်းမိတာလေ အဲ့တော့ရွာထဲကလူတွေကိုဆက်ဖို့ဆို မော်မော်တို့ဖုန်းပဲရှိတာ။ဖုန်းလာရင်ပြေးပြီးမခေါ်နိုင်တော့ မိုက်နဲ့တက်အော်လိုက်ရုံပဲ"

"ဪ အဲ့လိုကိုး။ ဒါနဲ့မော်မော် မေမေတို့ရောတွေ့မိသေးလား"

"အန်တီနဲ့ဦးလေးကမြောက်ဖက်ဝိုင်းသွားတယ်။ ကိုကြီးကိုဆစ်တို့မောင်နှမနိုးလာရင် ရေချိုးပြီး မနက်စာစားထားဖို့ မော်မော့်ကိုမှာသွားတယ်"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now