Chapter 126(Unicode&Zawgyi)

395 38 1
                                    


ရွှီရှင်းတောသည် သူမ၏ ခေါင်းကို ငုံ့ပြီး သဲ့ယွီကို စာတစ်စောင်ပို့လိုက်သည်: ကျွန်မ မုဗီလာကနေ ပြောင်းလာပြီ။ အစ်မကို အကြောင်းမကြားမိတဲ့အတွက် ဆောရီးပါ။ ကျွန်မအတွက် ထပ်ပြီး မကြိုအပို့လုပ်ပေးနိုင်မလား? ဒါပေမဲ့ မောင်းရမှာကတော့ တခြားကားပါ?

သဲ့ယွီ:သေချာပေါက် အဆင်ပြေပါတယ်။ ပြီးတော့ ကျွန်မက အခု အလုပ်လက်မဲ့။
မမလေးလုပ်ခိုင်းတဲ့ ဘယ်အလုပ်ကိုမဆို ချောချောမွေ့မွေ့ ပြောင်းပေးနိုင်ပါတယ်။ ကျွန်မရဲ့လစာက တူညီနေသရွေ့ပေါ့။

ရွှီရှင်းတော: အစ်မရဲ့အရင်လစာက ဘယ်လောက်လဲ သိလို့ရမလား?

သဲ့ယွီ: ပုံသေလစာ တစ်လကို ယွမ်ရှစ်ထောင်ပါ။
မမလေးက ဆီဖိုးအတွက်လည်း ပေးရပါမယ်။

ရွှီရှင်းတောသည် သူ၏ လစာကိန်းဂဏန်းများကို
မြင်ပြီး မအံ့ဩဘဲ မနေနိုင်တော့ချေ။ ထိုအချိန်တုန်းက သူမဟာ ထုန်းယန်ထံမှ မော်တော်ဆိုင်ကယ်ကို ငှားရမ်းပြီး ကျောင်းကို နေ့တိုင်းစီးသွားဖို့ ပြင်းပြသည့်ဆန္ဒ ရှိခဲ့တာ ဖြစ်သည်။သို့သော်ငြား ဆောင်းရာသီက ရောက်နေပြီဖြစ်သည့်အတွက် ထိုကဲ့သို့ ပြုလုပ်ရန် အလွန်အေးလိမ့်မည် ဖြစ်သည်။

ရွှီရှင်းတောတစ်ယောက် အိမ်ပြန်ရောက်သည့်အခါသူမထံတွင် ရှိသေးသည့် ပိုက်ဆံပမာဏနှင့်
ပြိုင်ပွဲများမှ ရရှိမည့် ပိုက်ဆံအကြောင်း တွေးတောလိုက်သည်။ သူမ၏ အနာဂတ်အကြောင်း တွေးတောရင်း သူမ၏ ခေါင်းက ရှုပ်ထွေးလာ၏။

7နာရီလောက်တွင် ထုန်းယန် သူမအား ဖုန်းခေါ်လာသည့် အချိန် သူ၏အသံက အေးဆေးဖြစ်နေ၏။ သူဟာ မေးလာ၏။ "မင်းစားပြီးပြီလား?"

"မပြီးသေးဘူး မေ့နေတာ။ ဘာပဲဖြစ်ဖြစ် အိမ်မှာ သရေစာတွေအများကြီး ရှိတာပဲ...နင်ကရော?"

"မင်း အဲဒါတွေပဲ စားလို့မရဘူးလေ ရွှီရှင်းတော။
မင်းရဲ့အစာအိမ်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာမသိဘူးလား? မင်းက အဆာလွန်ပြီးအသေခံဖို့ လုပ်နေတာလား? တကယ်လို့ မင်း ဒီလိုပဲဆက်လုပ်နေမယ်ဆိုရင် အဲလို ဖြစ်မှာပဲ။ မင်းဘာလို့ ဓားတစ်ချောင်းကိုပဲ မမြိုချလိုက်တာလဲ? အဲဒီလို ဘက်စုံသုံးနိုင်ပြီး ထက်ရှတဲ့ ဓားကောင်းတစ်ချောင်း ငါ့ဆီမှာ ရှိတယ်။ ငါမင်းဆီကို ယူလာပေးမယ် ဒါမှ မင်းကောင်းကောင်းမွန်မွန် ချောချောမွေ့မွေ့ မြိုချနိုင်မှာလေ"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now