Chapter 105(Unicode&Zawgyi)

621 74 1
                                    


ရွှီရှင်းတောက သက်ပြင်းချလိုက်ပြီး အဖေမုကို လျစ်လျူရှုကာ အပေါ်ထပ်ကို ဆက်တက်သွား၏။

အဖေမုက ဒေါသချောင်းချောင်းထွက်လာ၏။ သူဟာ သူမဆီကို အလျင်အမြန်လှမ်းသွားပြီး မေးလိုက်သည်။ "ငါမင်းကိုစကားပြောနေတယ်လေ မင်းမကြားဘူးလား?"

"ကျွန်မရဲ့ မိတ်ကပ်ကို သွားဖျက်မလို့"
အဖေမုက ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွား၏။ သူဟာ လျင်မြန်စွာလျှောက်သွားပြီး ရွှီရှင်းတော၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး သူမကိုဆွဲခေါ်ကာ ထွက်သွားခြင်းမှ တားဆီးလိုက်သည်။
သူဟာ သူရဲ့အသံကိုမြှင့်လိုက်ကာ သူမကို အော်ဟစ်လုနီးနီးပင်။ "မင်း တစ်ယောက်ယောက်ကို မင်းရဲ့ သရုပ်မှန်အကြောင်း ပြောခဲ့သေးလား?!"

သဘာဝကျကျပင် ထုန်းယန်က သူမနှင့် ခန္တာကိုယ်လဲသည့်အတွက် အရာအားလုံးကို သိနေသည်ဆိုသည့်အကြောင်းကို ရွှီရှင်းတောတစ်ယောက် ဝန်ခံမည်မဟုတ်ပေ။ သူမဟာ မည်သူကိုမှ အထူးတလည် မပြောခဲ့ပေ။
"ဟင့်အင်း ကျွန်မ မပြောခဲ့ဘူး" သူမဟာ သာမန်ကာလျှံကာပြောလိုက်သည်။

"မင်းက ဝန်မခံချင်ဘူးပေါ့? မင်းအတွက်ကြောင့်မဟုတ်ရင် ထုန်းယန်က မွေးနေ့ပွဲကို လာမှာမဟုတ်သလို ငါတို့မိသားစုကို လူကဲ့ရဲ့စရာ ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး!"

ရွှီရှင်းတောဟာ အဖေမုရဲ့လက်ကို ခါချလိုက်ပြီး ဧည့်ခန်းထဲကို တည်ငြိမ်စွာလျှောက်သွားလိုက်သည်။ လူတိုင်းက ဒီမှာရှိနေသည့်အတွက် စကားပြောဆိုရန် ကောင်းမွန်လှသည့် အချိန်ပင်။

သူမဟာ တိတ်တဆိတ် ထိုင်ချလိုက်ပြီး ရင်ဘတ်နားတွင် သူမ၏လက်မောင်းကို ပိုက်ထားလျက် တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ ထုန်းယန်ကို ပါတီလာဖို့ မဖိတ်ထားဘူး။ သူ့ဟာသူလာတာ"

မုချင်းယောင်က ထပ်ပြီး သည်းမခံနိုင်တော့သည့်အတွက် ရွှီရှင်းတောကို အော်လိုက်သည်။ "ငါတို့မိသားစုနှစ်စုက အမြဲတမ်းမွေးနေ့ပွဲကို တစ်ရက်တည်း ကျင်းပတာလေ။ အရင်က တစ်ခါမှ အပြန်အလှန်ဆက်ဆံမှုမရှိခဲ့ဘူး။ သူက ရုတ်တရက် ဘာလို့မွေးနေ့ပွဲကို ရောက်လာရတာလဲ? သူက အဓိကဇာတ်လိုက်နဲ့ ကမယ်လို့လည်း ပြောသေးတယ်။ နင်က ဘယ်လို ဇာတ်လိုက်မလို့လဲ? မွေးနေ့ပွဲက နင့်အတွက်မဟုတ်ဘူးလေ! တကယ်လို့ ထုန်းယန်ကို နင်မပြောခဲ့ဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်မှာလဲ?!"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now