Chapter 78(Unicode&Zawgyi)

1K 105 0
                                    


နောင်တစ်ချိန်မှာ ထုန်းယန်က ထုန်းမိသားစုရဲ့ ဆက်ခံသူ ဖြစ်လာလိမ့်မည် ဖြစ်သော်လည်း ပေါင်းသင်းဆက်ဆံရေး သိပ် မကောင်းလှပေ။ သူဟာ ကြာကြာနေမှ တစ်ခါတောင် ဒီလူများနှင့် စကားမပြောပေ။

ပြီးတော့ သူဟာ မိသားစု စီးပွားရေးကို မဦးစီးချင်သည့်အတွက် သူရဲ့ အဖေကို အတော်လေး ခေါင်းကိုက်စေ၏။

"သူက ဒီတိုက်ခန်းရဲ့ အရင်ပိုင်ရှင်လား?"
ရွှီရှင်းတောဟာ အခုလေးတင် လူနှစ်ယောက် ပြောဆိုနေသည်ကို ကြားခဲ့တာ ဖြစ်သည်။

"ငါ တိုက်ခန်းတစ်ခန်း ဘယ်လို ဝယ်ရမလဲဆိုတာ မသိလို့ အိမ်တော်ထိန်းကို ဝယ်ပေးဖို့ ပြောလိုက်တာ။ သူက အရင်ပိုင်ရှင် ဖြစ်လောက်တယ်" ထုန်းယန်ဟာ ရွှီရှင်းတော ဝင်နိုင်ရန်အတွက် အဝင်သင်္ကေတစနစ် ဖြစ်သော လက်ဗွေရာ နှိပ်ဖို့ တံခါးဆီ လျှောက်သွားပြီး တစ်ချိန်တည်းမှာပဲ ပြောလိုက်သည်။ "ငါတို့အထက်တန်းကျောင်းရဲ့ ပထမနှစ်မှာ ရင်းမိသားစုက ကလေးတစ်ယောက်ရှိတယ်။ သူက အမြဲတမ်း မဖိတ်ခေါ်ဘဲ ရောက်ရောက်လာပြီး ငါ့ရဲ့ကိစ္စတွေကို ဝင်ဝင်ရှုပ်တာ။ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်"

"ရင်းရှောင်စုလား?"

"ဟုတ်တယ် သူပဲ"

"ငါ သူနဲ့ တစ်ခါ ရန်ဖြစ်ဖူးတယ်(သူမ ထုန်းယန်ရဲ့ ခန္ဓာကိုယ်ထဲမှာတုန်းက)"

ထို့နောက်တွင်မှ ထုန်းယန်တစ်ယောက် တုံ့ပြန်တော့သည်။ သူဟာ ရင်းရှောင်စုတစ်ယောက် သူ့ကို အမြဲတမ်း စိန်ခေါ်နေရသည့် အကြောင်းအရင်းကို သိချင်ခဲ့တာ ဖြစ်သည်။ ဒီကိစ္စရဲ့ အကြောင်းအရင်းက ရွှီရှင်းတော ဖြစ်နေတာလား?

"မင်းတို့နှစ်ယောက် ရန်ဖြစ်ခဲ့တယ်?" ထုန်းယန်က မေးလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝမသိသလို အံ့အားသင့်နေ၏။

"ငါ သူ့ကို တစ်ခါပဲ ရိုက်လိုက်ရုံပါ။ ငါနင့်ကို တင်ပြဖို့
လိုသေးလို့လား?"

"မလိုပါဘူး မလိုပါဘူး..." ထုန်းယန်က သူ့ရဲ့လက်ကို ချက်ချင်းပင် ခါယမ်းလိုက်သည်။ "ငါ နင့်ကို ဒါမေးချင်ရုံပါ: နင် နိုင်ခဲ့လား?"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now