Chapter6(Unicode&Zawgyi)

1.9K 179 1
                                    


Chapter 6: ပြက်ရယ်ပြုခြင်း(2)

သူမကို အပေါ်စီးကကြည့်ပြီး ဝေ့လန်သည် ရွှီရှင်းတောကို မထားခဲ့ပေ။ ယခုအချိန်တွင် သူသည် ဟိုနေရာတွင်ထိုင်ပြီး သူ၏နေရာမှ ရွှီရှင်းတော၏ အိပ်မောကျနေသော မျက်နှာလေးကို စိုက်ကြည့်နေ၏။ ခေါ်ခံရပြီးနောက် သူတို့သည် အိပ်ပျော်နေသော အလှလေးကို အနှောင့်အယှက်မဖြစ်စေရန် သူ၏လက်ညှိုးကို သူ၏နှုတ်ခမ်းများပေါ်တွင်ထားကာ"ရှူး" ဟူ၍ တိတ်တိတ်နေခိုင်း လိုက်သည်။

ဤတစ်ခုတည်းသော လက်ဟန်အမူအရာဖြင့် သူ၏ စပ်စုနေကြသော အတန်းဖော်များသည် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် သေချာပေါက်သိသည်ဟု ယူဆလိုက်ကြသည်။ ယခုအချိန်တွင် သူတို့သည် သူတို့၏အဖြေကို သေချာပေါက် ရှာတွေ့သွားကြပြီဖြစ်၍ တန်းခွဲလေး၏ လေထုမှာ စင်စစ် ငြိမ်သက်သွား၏။

ဒုတိယ အတန်းချိန်ပြီးနောက် ရွှီရှင်းတောသည် ထုန်းယန်၏ သူငယ်ချင်းတစ်ယောက် မဟုတ်ဘဲ မုမိသားစု၏မွေးစားသမီး အသစ်ဖြစ်သည်ဆိုသည့် သတင်းကို သိရှိသွားကြသည်။ ရွှီရှင်းတောသည် ရုပ်ရည်သွင်ပြင်အရ မုမိသားစုနှင့် ဆင်တူပြီး သနားစရာကောင်းသည့် ဘဝအတွေ့အကြုံရှိသည့်အတွက်ကြောင့် မုမိသားစု၏ မွေးစားခြင်းကို ခံခဲ့ရသည်။

(ET/N: အစ်ကိုယန်ဆိုတာ ထုန်းယန်ကို ရည်ညွှန်းတာလို့ ကျွန်မထင်ပါတယ်)

ရွှီရှင်းတောက ကျေးလက်ဒေသကနေ ခုမှ ထွက်လာတာ၊ သူမက ဘယ်လိုလုပ်ပြီး ကျိကျိတက်တက်ချမ်းသာတဲ့သခင်လေး ထုန်းယန်ကို သိနိုင်မှာလဲ?

သူမ လူတိုင်းကို တကယ် အထိတ်တလန့်ဖြစ်စေတာပဲ
ဘာကြီးလဲ?

♣♣♣

"ဟဲလို" ရှန်းကျုဟန်သည် လောလောလတ်လတ်ပြောင်းရွေ့လာသည့် မိန်းကလေးကို နှုတ်ဆက်လိုက်သည်။

သူသည် မုချင်းယောင်ထံမှ ရွှီရှင်းတော၏အကြောင်းကို ကြားခဲ့ရပြီး အလွန်အထင်အမြင်သေးနေ၏။ သူသည် ရွှီရှင်းတောဆိုသည့် ဤမွေးစားသမီးကို ဝေးဝေးသွားစေချင်သည်။

သူသည် မုချင်းယောင်၏ သတို့သားဖြစ်သည်။ သူတို့ဟာငယ်ငယ်လေးတည်းက ငယ်ချစ်ဆွေများဖြစ်ကြပြီး ယခုအချိန်တွင် မုချင်းယောင်မှာ သူ၏
ကောင်မလေးလည်းဖြစ်သည်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now