Chapter 69(Unicode&Zawgyi)

1K 99 0
                                    


ထို့နောက်တွင်တော့ ဝေ့လန်တစ်ယောက် ဂျုံမုန့်ကို ထည့်လိုက်သည်။

လျှပ်စစ် ကြက်ဥမွှေစက်၏ ခလုတ်အား ဖွင့်လိုက်သည့်အခိုက်အတန့်တွင် ဝေ့လန်အား ချက်ချင်းပင်  'မြူနှင်း'များ အုံ့ဆိုင်းသွားတော့သည်။

ဤသည်က ဝေ့လန်၏ပြိုင်ဘက်ကင်း အရည်အချင်းပင်။

လူအများစုဟာ ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် လုပ်ဆောင်မှုမျိုးကို မလုပ်နိုင်ပေ။

နောက်ဆုံးတော့ ရွှီရှင်းတောတစ်ယောက် ထပ်ပြီး သည်းမခံနိုင်တော့သည့်အတွက် သူမကို လက်လွှဲပေးရန် ဝေ့လန်အား ချော့မော့လိုက်တော့သည်: "အိုခေ ငါ့ဆီ လွှဲလ်ိုက်တော့"

သူမဟာ ထိုစကားကို ပြောဆိုရင်း သွားလိုက်ပြီး ဝေ့လန်ကို ဘေးသို့ တွန်းဖယ်လိုက်သည်။ သူမဟာ စားပွဲပေါ်က ကမောက်ကမ အခြေအနေကို ကြည့်ပြီး စူးဝေ့ကိုသာ ပြောလိုက်ရတော့သည်။ "စူးဝေ့ နောက်ထပ် ပါဝင်ပစ္စည်းတစ်set ကို ဆရာမဆီ သွားတောင်းလိုက်"

စူးဝေ့ဟာ သိပ်မကြာခင်တုန်းက ရွှီရှင်းတော၏ အသံ အတိမ်အနက်နှင့် အသားကျနေခဲ့ပြီး ဖြစ်သည့်အတွက် သူဟာ ချက်ချင်းပင် သဘောတူလိုက်ပြီး
ပါဝင်ပစ္စည်များ တောင်းရန် ဆရာမထံသို့ သွားလိုက်၏။

ရွှီရှင်းတောက စားပွဲပေါ်က ရှုပ်ပွေနေမှုကို ရှင်းလိုက်ပြီး ထုန်းယန်ထံသို့ ပြောလိုက်သည်။ "ထုန်းယန် လာပြီး စားပွဲခုံကို လာသုတ်"

စာသင်ခန်းက လုံးဝ တိတ်ကျသွား၏။

သူမက တကယ်ကြီး သူ့ကို အဲလိုလုပ်ဖို့ ပြောနေတာလား?!

လျိုယထင်းတစ်ယောက် ဤစကားများကို ကြားသင့်အခါ သူမ၏မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။ သူမက ထုန်းယန်အား အလုပ်လုပ်ရန် တောင်းဆိုဖို့ မဆိုထားနှင့် သူ့အား စကားကျယ်ကျယ်တောင် ပြောရက်တာ မဟုတ်ပေ။ ဒါပေမဲ့ ရွှီရှင်းတောက တကယ်ကြီး သူ့ကို ခေါ်လိုက်တယ်? ထုန်းယန်ရဲ့ လက်တွေက စန္ဒရားတီးဖို့အတွက်လေ။ သူက ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်နိုင်မှာလား?

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now