Chapter 75(Unicode&Zawgyi)

1.1K 90 1
                                    


ရွှီရှင်းတောသည် ရှောက်ချင်းဟယ်က လိမ္မာပါးနပ်သည့်သူတစ်ယောက်ဟု အမြဲတစေ ထင်မြင်ခဲ့သည်။သူတို့ဟာ တစ်ဦးနှင့်တစ်ဦး သိပ်အဆက်အဆံမရှိသော်ငြား သူဟာ ရုတ်တရက် သူမဆီ ချဉ်းကပ်လာ၏။ ၎င်းက စင်စစ် ထူးဆန်းလှသည်။ သူမဟာ အတော်လေး အော့ကြောလန်သလိုတောင် ခံစားရသည်။

"ရှောက်ချင်းဟယ်က ပြီးပြည့်စုံတဲ့သူပဲ။ သူက လူတွေနဲ့ပတ်သက်လို့ ဂရုစိုက်ပြီး အတော်လေး လူကြီးလူကောင်းဆန်တယ်။ ငါတော့ သူ့ကို ကောင်းတယ်လို့ မြင်တယ်။ တကယ်လို့ သူ့သာ စရိုက်မကောင်းရင် နင့်ရဲ့အစ်ကိုနဲ့သူက သူငယ်ချင်းတွေ ဖြစ်လာမှာ မဟုတ်ဘူး။ နင့်ရဲ့အစ်ကိုက အတော်လေး ဉာဏ်ကောင်းတယ်"

"ငါက ထူးဆန်းနေတယ်လို့ တွေးရုံပါ။ ငါတို့ မရင်းနှီးတာ အသိသာကြီးလေ....."

"နင် သူနဲ့ ဖြည်းဖြည်းချင်း ရင်းနှီးသွားလိမ့်မယ်။ သူနဲ့ နင့်အစ်ကိုက အဲလောက် ဆက်ဆံရေးကောင်းတာ။ နောက်ကျရင် နင်သူနဲ့  သေချာပေါက် ပိုပြီး ဆက်ဆံဖြစ်သွားလိမ့်မယ်။ သူကလည်း နင်နဲ့ သူငယ်ချင်း ဖြစ်ဖို့ ကြိုးစားနေတာလေ။ အထူးသဖြင့် ရှောက်ချင်းဟယ်က ချောမောတယ်လို့ နင်မထင်ဘူးလား? သူက နွေဦးမှာ တိုက်ခတ်တဲ့ သိမ်မွေ့တဲ့လေပြေလေညင်းလေးလို ခံစားမျိူး ပေးစွမ်းနေတာ"

"......"

"အထက်တန်းကျောင်းရဲ့ အားကစားပွဲတော်နေ့တုန်းက ရှောက်ချင်းဟယ်က ဟန့်ဖူ(hanfu) ကို ဝတ်ခဲ့တာ။ သူက မင်းမျိုးမင်းနွယ်ရဲ့ ကြော့မော့တင့်တယ်တဲ့ သားတော်တစ်ပါးလို ရှေးခေတ်ဝတ်စုံနဲ့ အရမ်းချောနေခဲ့တာ။ တစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတာပေါ့!" လော့ရွှီဟာ ရွှီရှင်းတောကို ပြဖို့ သူမရဲ့ဖုန်းထဲက ဓာတ်ပုံကိုရှာရင်း ပြောလိုက်၏။

"မုချင်းယီကရော?"

"သူက ရလဒ်တွေကို ကြော်ငြာပေးရတဲ့ အစီအစဉ်မှူးလေ။ အထက်တန်းပထနှစ်ကို ကိုယ်စားပြုတဲ့ ကျောင်းသားသစ်တစ်ယောက်အနေနဲ့ ဖွင့်ပွဲအခမ်းအနားမှာတုန်းက သူက တစ်ကျောင်းလုံးရဲ့ရှေ့မှာ မိန့်ခွန်းပြောခဲ့တာ။ ချက်ချင်းပဲ သူက ကျောင်းရဲ့မြက်ကလေးအဖြစ် အရွေးခံလိုက်ရတာ။အဲဒါနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအများကြီး ရှိတယ်"

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now