Chapter 31(Unicode&Zawgyi)

1.2K 116 0
                                    

ရှောင်ချင်းဟယ်: ငါ တကယ်သိချင်မိတယ်

မုချင်းယီ : နားငြီးတယ်

ရှောင်ချင်းဟယ် :အဲ့တာကို မင်းဘယ်လိုထင်လဲ?

မုချင်းယောင် : နင်ပါးစပ်ပိတ်နေပေးစမ်းပါ

ရှောင်ချင်းဟယ်ကို စာပြန်လိုက်ပြီးနောက် သူပို့ထားသော ဓာတ်ပုံကို မုချင်းယောင်က စစ်ဆေးလိုက်သည်။
သူသည် ရွီရှင်းတော၏ဓာတ်ပုံနှင့် သူ၏ဓာတ်ပုံကို
ဘေးချင်းကပ် ကြည့်လိုက်သည်။

' ဒီဟာကို ဒီလိုမျိုးဖုံးကွယ်ထားနိုင်မယ်လို့ မိသားစုက
တကယ်ပဲထင်နေတာလား '

' ဒီညီမက ဘယ်လိုလူစားမျိုးလဲ?'

♠♠♠

နောက်တစ်နေ့တွင်

ရွှီရှင်းတောသည် မနက်စာစားရန် အောက်ထပ်သို့
လျှောက်လာပြီး မုချင်းယောင်တစ်ယောက် သူမကိုစောင့်နေသည်ကိုတွေ့လိုက်ရသည်။ နံနက်စာစားနေချိန်တွင် သူမကသိကအောက်မဖြစ်ဘဲ မနေနိုင်တော့ချေ။

အချိန်အတော်ကြာ စဥ်းစားပြီးနောက် မုချင်းယောင်ကရွှီရှင်းတောကို " တောတော, ငါတို့ကျောင်းအတူတူသွားတတ်ကြရင်ရော ဘယ်လိုလဲ? "

မုချင်းယောင်က သူမအား "တောတော" ဟုခေါ်ခြင်းကြောင့် ရွှီရှင်းတောသည် အမှန်ကိုစိတ်မသက်မသာဖြစ်မိ‌သော်လည်း သူမက မငြင်းလိုက်ပဲ ခွင့်ပြုလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် ကားတစ်စီးတည်းဖြင့်
ကျောင်းသို့‌သွားကြသည်။ လမ်းတွင် ရွှီရှင်းတောသည် တုန်ယန်းထံမှ မက်စ်ဆေ့တစ်စောင် လက်ခံရရှိ၏: ငါ နင့်ကိုမသိသလို ဟန်ဆောင်ပေးသင့်လား

ရွှီရှင်းတော :ဟန်ဆောင်စရာတွေ အများကြီးရှိတယ်၊ပထမဆုံးအနေနဲ့ နင်က ‌အရမ်းဒေါသထွက်နေသလိုဟန်ဆောင်ပြီး ငါ့ကို နင့်ဘေးမှာပေးမထိုင်ဘူး။

ထုန်းယန် :(ㆆ_ㆆ)

ရွှီရှင်းတော : ပြီးတော့ ငါတို့ရန်ဖြစ်ကြမယ်

ရွှီရှင်းတော :နောက်ဆုံးမှာ နင်က ငါအယုံသွင်းတာကိုခံလိုက်ရသလို ဟန်ဆောင်ပြီး ငါတို့က ခင်မင်တဲ့ ထိုင်ခုံဖော်တွေဖြစ်သွားမယ်။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now