Chapter 32(Unicode&Zawgyi)

1.2K 119 1
                                    


အခန်းတံခါးပေါက်ဆီကိုသူမလျှောက်လာသည့်အခါ စိတ်ကောင်းဝင်နေပုံရသည့်ထုန်းယန်ဟာရုတ်တရက်ရပ်ပြီးသူမကို" ခုံချင်းကပ် အတန်းဖော် ကော်ဖိီသောက်ချင်လား? " ဟုမေးလိုက်သည်။

ရွှီရှင်းတောသည် ထုန်းယန်၏ညစ်ကျယ်ကျယ်လူမိုက်အပြုံးကိုလှမ်းကြည့်လိုက်ပြီး သူတို့ရန်ဖြစ်မှာ မဟုတ်ဘူးဆိုတာကိုနားလည်လိုက်သည်။ ထို့ကြောင့်သူမဟာ ပြောလိုက်သည်။" ဟင့်အင်း တော်ပါပြီ "

"အိုး...."ဟု တုန်းယန်ကပြန်ပြောရင်း သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။"ငါကမင်းရဲ့ခုံချင်းကပ် အတန်းဖော် ငါ့ရဲ့နာမည်က တုန်းယန်ပါ "

ရွှီရှင်းတောသည် သူ့ကိုကြည့်နေတာရပ်လိုက်ပြီး " ဟဲလို " ဟုဆိုကာခေါင်းငြိမ့်ပြလိုက်သည်။

ရွှီရှင်းတောတစ်ယောက် အတန်းထဲသို့ ဝင်လာပြီးနောက် ဝေ့လန်က ထုန်းယန်ကိုကြည့်ပြီး မေးလိုက်သည်။"သူမကမလှဘူးလား"

"အရင်တုန်းကမင်းငါ့ကိုပုံပို့ပေးခဲ့တယ်မဟုတ်ဘူးလား? "

"ငါတော့ သူမက ဓာတ်ပုံမစားဘူးလို့ ထင်တယ်။သူမကအပြင်မှာပိုလှတယ်လေ"
ဝေ့လန်ဟာ မပြောခင် အတန်းထဲကိုနောက်တစ်ခေါက်ကြည့်လိုက်ပြီး ရွှီရှင်းတောတစ်ယောက် ထိုင်ပြီးပြီးလားဆိုတာကို သေချာအောင်အတည်ပြုလိုက်သည်။ " ငါသူမကို စလိုက်တော့မယ်။ မနေ့ကငါ့ရဲ့လုပ်ရပ်က သူမဆီမှာ ကောင်းမွန်တဲ့ထင်မြင်ချက်တစ်ခု ကျန်ခဲ့မယ်လို့ငါထင်တယ် "

ထုန်းယန်သည် သူ၏ လက်ထဲတွင်ရှိသော
အမေရိကာနိုကိုပိုက်နဲ့စုပ်သောက်လိုက်ရင်း သာမန်ကာလျှံကာပြန်ပြောလိုက်သည်။" ကံကောင်းပါစေကွာ "

ထိုအချိန်တွင် ရှန်းကျုဟန်သည် အတန်းပြင်ထွက်လာပြီး မျက်နှာမသာမယာဖြစ်နေသော ဝေ့လန်ကိုတွေ့သွားသည်။သူဟာ ဆိုးရွားသည့်မျက်နှာအမူအရာနှင့်မေးလိုက်သည်။ " ဝေ့လန် ငါတို့သီးသန့်စကားပြောလို့ရမလား "

ရှန်းကျုဟန်ဟာ စာရင်းရှင်းဖို့အတွက်ဝေ့လန်ကိုရှာရန် ဒီကိုရောက်နေကြောင်း ထုန်းယန်သိလိုက်သည်။သူဟာ ဝေ့လန်ကိုကြည့်လည်းမကြည့်သလို စကားလည်းမပြောပေ။

အရေးမစိုက်တဲ့ တရားဝင်သမီး(ဘာသာပြန်)Where stories live. Discover now