🌟🌟ep15🌟🌟

201 17 7
                                    

[Unicode]ဆောင်ချန်းသွေးပူစွာဖြင့် အပြင်ကိုအမြန်ထွက်လာခဲ့ပြီး တုန်ယီနေသောခြေထောက်တို့ဖြင့် ကားပါကင်ဆီအားလျော့စွာလျှောက်လှမ်းလာမိလေသည်။မိမိကားကိုခဏတာမှီလိုက်မိပြီးအသက်ကိုဝအောင်ရှုသွင်းမိသည်။သောက်ထားသည့် အရှိန်ကြောင့်လားမသိ မြင်ကွင်းတွေက အနည်းငယ်ဝေဝါးလာပေသည်။သို့သော်လည်း ပါးပေါ်စီးကျလာသည့် မျက်ရည်စက်တို့က ဆောင်ချန်းကိုပိုပြီးအမြင်ဝေဝါးသွားစေသည့် အကြောင်းရင်းဖြစ်နေလေသည်။

ဆောင်ချန်းစိတ်ပါပါနှင့် ကားဘော်ဒီကို တစ်ချက်နှစ်ချက်မျှ ဆင့်ထိုးမိပေသည်။ဆောင်ချန်းကိုယ်တိုင်က ခွင့်ပြုလိုက်ရခြင်းကို ကိုယ့်ကိုကိုယ်ပိုမုန်းမိ၏။ချစ်ရသူကို ကိုယ့်လက်ထဲက နေမကာကွယ်နိုင်လိုက်ခြင်းကို ပိုပြီးယူကျုံးမရဖြစ်မိပေသည်။ဆောင်ချန်းစိတ်သဘောအရသာဆို အဲ့ပွဲက ကိုကိုသူ့ဆီသွားနေသည့်အခိုက်အတန့်မှာပင် ရစရာမရှိအောင် ပျက်သုဉ်းသွားလောက်ပေပြီ။

ဆောင်ချန်းစိတ်သ‌ ဘောအရဆို ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်မှာဖြစ်သော်လည်း ချစ်ရသူ၏ဂုဏ်သိက္ခာကို မိမိလက်နှင့် ဖျက်ဆီးမိမှာကို ဆောင်ချန်းအကြောက်မိဆုံးဖြစ်ပေသည်။အထူးသဖြင့် လူအများကြားမှာ ကိုကိုမျက်နှာငယ်ရမည့် အဖြစ်မျိုးကို ဆောင်ချန်းလုံးဝအဖြစ်မခံနိုင်ပေ။အဲ့တာကြောင့် ကိုကိုသူ့ကိုနမ်းခဲ့တာကိုလည်း ဒီအတိုင်းကြည့်နေခဲ့ရပြီး ရင်ထဲမှာ မီးလိုပူလောင်နေသော်လည်း အတတ်နိုင်ဆုံး ချုပ်ထိန်းထားခဲ့တာဖြစ်လေသည်။

ထိုမိန်းကလေးက မိမိချစ်ရသူ၏နှုတ်ခမ်းကို နမ်းလိုက်သည့် အချိန်မှာတော့ ဆောင်ချန်း အတတ်နိုင်ဆုံးချုပ်ထိန်းထားသည့် စည်းတို့ ‌ကျိုးပျက်သွားခဲ့လေပြီ။ထိုမိန်းကလေးကိုရော မိမိချစ်ရသူကိုရော ဆွဲမထိုးမိအောင် ဆောင်ချန်းအသိစိတ်မဲ့စွာ အပြင်ကို
ကမူးရှုးထိုးပြေးထွက်လာခဲ့ခြင်းဖြစ်ပေသည်။ယိုင်နဲ့နေသည့် ခြေလှမ်းတွေကမတ်မတ်ပင်မရပ်နိုင်တော့ဘဲ ကားကိုသာအတင်းမှီထားရပေသည်။

ဆောင်ချန်း အနွေးထည် အိတ်ကပ်ထဲက မီးခြစ်ကို ထုတ်ယူလိုက်ပြီး  ဦးတည်ရာမဲ့စွာ မီးခြစ်အဖုံးကို  ဖွင့်လိုက်ပိတ်လိုက်လုပ်နေမိ၏။တိတ်ဆိတ်နေသည့် ကားပါကင်တွင် မီးခြစ်အဖုံးဖွင့်သံပိတ်သံက ကျယ်လောင်စွာမြည်လာလေသည်။အိတ်ကပ်ထဲက စီးကရက်ဘူးကိုထုတ်ယူလိုက်ပြီး စီးကရက် တစ်ချောင်းကိုပါးစပ်မှာတေ့ကာ မီးခြစ်ဖြင့် မီးညှိမိလိုက်ပေသည်။မသောက်တာကြာပြီမို့ အနည်းငယ်စိမ်းသက်နေသော်လည်း စီးကရက်အငွေ့တွေကို ဆောင်ချန်း မှုတ်ထုတ်လိုက်မိလေသည်။

🌟You🌟Where stories live. Discover now