🌟🌟ep10🌟🌟

157 17 4
                                    

"ကျွန်တော်ကြည့်ရသလောက် အားလုံးက ပုံမှန်ပါပဲ စိုးရိမ်စရာမရှိပါဘူး။ရုတ်တရက်ကြီးမို့ စိတ်ကယောက်ယက်ခတ်သွားတဲ့ပုံပဲ ။ဥပမာ အိပ်မက်ရှည်ကြီးတွေကနေ လန့်နိုးလာတာမျိုးပေါ့ "

ဆရာဝန်ဖြစ်သူ၏စကားကြောင့် အန်တွန်
နှုတ်ခမ်းထောင့်ကမသိမသာတွန့်ကွေးသွား‌ လေသည်။အန်တွန်ခေါင်းညိတ်ကာ နားထောင်‌ နေမိပြီး ချက်ချင်းထွက်လာချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေသည်။
ကိုကြီးဂျွန်နှင့် ဆောင်ချန်းတို့အသည်းအသန်အမေးအဖြေလုပ်နေသမျှကို မကြားချင်တော့သည်မို့ ဘယ်လိုလှည့်ထွက်ရမလဲ
အန်တွန်တွေးနေမိပေသည်။


မနက်ကတည်းက တစ်ကိုယ်လုံးဆေးစစ်ထားရသည့်အပြင် သွေးထုတ်ကာစစ်ထားရသည့်နေရာကနေလည်း နာနေသေး၏။အထူးသဖြင့် ဘာကြောင့်မှန်းမသိ အန်တွန်ဆေးရုံမှာနေရတာကို လုံးဝမနှစ်သက်ပေ။ဆေးခန်းသွားရမှာလဲ အင်မတန်ကြောက်ပေသည်။ငယ်စဉ်ကအဖျားကြီးခဲ့ကတည်းကလဲ ဖြစ်နိုင်ပေသည်။

"ကိုကြီး ကျွန်တော် ကားထဲကနေစောင့် နေလို့ရမလား ။နည်းနည်း နားချင်လို့ "

လက်မောင်းကိုထိကာအနားကပ်ပြီးခပ်တိုးတိုးပြောလာသောညီဖြစ်သူကြောင့် ဂျွန်မြောင် ပြောလက်စစကားတို့ရပ်တန့်သွားရပေသည်။


"အဆင်ပြေရဲ့လား "

ကပျာကယာမေးလာသောကိုကြီးဂျွန်ကြောင့် အန်တွန်နှုတ်ခမ်းထောင့်တြွေမင့်တတ်သွားသည့်အထိ ပြုံးပြလိုက်ရလေသည်။တကယ်လည်း ဘာမှမဖြစ်ဘဲ ဒီအတိုင်းဆေးရုံမှာကိုမနေချင်တာမို့ ထွက်သွားလိုခြင်းဖြစ်ပေသည်။


"အဆင်ပြေပါတယ် ဒီအတိုင်း ဆေးရုံမှာအကြာကြီးနေရသလိုမျိုး ခံစားနေရလို့ ။ကျွန်တော်အပြင်မှာစောင့်နေမယ်နော် "

အန်တွန်အမြန်အပြင်ကို ထွက်လာ သော်လည်း အနောက်ကနေလိုက်လာသောခြေသံတွေကြောင့် အသက်ကိုပြင်းပြင်းရှုလိုက်မိသည်။ အန်တွန်ဒီမှာနေရတာ တကယ်ကို မွန်းကြပ်နေ‌ လေပြီ ။ဆေးရုံရှိအငွေ့အသက် တစ်ချို့က အန်တွန်ကို အသက်ရှုကြပ်လာသလို ခံစားရစေ၏။
ပုခုံးကိုဖျက်ခနဲ့ဆွဲဖျစ်ခံလိုက်ရသည်မို့ အန်တွန်ကိုယ်က အနည်းငယ်ယိမ်း ယိုင်သွားရပေသည်။

🌟You🌟Where stories live. Discover now