🌟🌟ep11🌟🌟

145 16 8
                                    

ဘယ်အချိန်ကတည်းက သတိမေ့သွားလဲ မသိရသော်လည်း ဂယောင်ဆူးသတိရလာချိန်မှာ အိပ်ရာထက်တွင် လဲလျောင်းနေလျက်သားဖြစ်လေသည်။မျက်ဝန်းတွေမမှိတ်ခင်တော့ ဆူးလေးဟု အော်ခေါ်သံသဲ့သဲ့ကိုကြားလိုက်ရသေးပေသည်။သေချာပေါက် ထိုအော်သံသည်  ဦး ဆီကမဟုတ်တာ ကျိန်းသေလေသည်။ဆူးလေးဟုသည်အမည်နာမသည် အိမ်ခေါ်နာမည်ဖြစ်ပြီးရင်းနှီးသည့် မိသားစုဝင်တွေသာခေါ်ဝေါ်သောနာမည်ဖြစ်ပေသည်။


ဂယောင်ဆူးစောင်တွေကိုဖယ်ကာ အိပ်ရာပေါ်ကနေထလိုက်ပေသည်။မီးအိမ်ဆီမှ အလင်းသဲ့သဲ့က အိပ်ခန်းတစ်ခုလုံးပေါ်ဖြာကျလျက်ရှိ၏။ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့် လေပြေညှင်းများက မျက်နှာကိုထိတွေ့ကာ တိုက်ခတ်သွားပေသည်။လေအလာတွင် စံပယ်ရနံ့တစ်ချို့ကိုပါ ယူ ဆောင်လာလေ၏။ဂယောင်ဆူး ပြတင်းဘောင်ကိုမှီလိုက်ကာ လမင်းကြီးကို ငေးကြည့်မိပေသည်။

ဆရာဝန်ကထပ်ပြီးဘာတွေပြောလာဦးမလဲ
ဂယောင်ဆူးသိလည်းသိချင်သလို  မသိလည်းမသိချင်မိပေ။မတော်တဆသိလိုက်ရသည့်အချိန်ကတည်းကနေ အခုအချိန်ထိ ထိုရောဂါကို
ဂယောင်ဆူးကုသလာခဲ့သည်မှာ အချိန်တစ်ခုရှည်ကြာခဲ့လေသည်။

ငယ်ရွယ်စဉ်က ဘောလုံးကစားရတာကို သဘောကျနှစ်သက်ခဲ့သော်လည်း ထိုရောဂါကြောင့် မိမိနှစ်သက်သည့် ဝါသနာကိုစွန့်လွှတ်ခဲ့ရပေသည်။အ‌ မောဒဏ်ကို ဂယောင်ဆူး နှလုံးက ခံနိုင်ရည် မရှိခဲ့ပေ။ဂယောင်ဆူးသဘောအရဆို ဆက်လုပ်နေဖို့ကျိန်းသေသော်လည်း မိဘနှင့် အစ်မဖြစ်သူကိုပါ ထည့်တွေးရသောအခါ ကိုယ်ကျန်းမာရေးကသာ နံပါတ်တစ် ဖြစ်ခဲ့ရ လေသည်။

ဂယောင်ဆူးကိုယ်တိုင်လည်း ကိုယ့်အခြေအနေ ကိုယ်သိပေသည်။အချိန်မရွေး ဒီလောကကြီးထဲကနေ ထွက်သွားရနိုင်သည်ဖြစ်သောကြောင့် အမြဲ အဆင့်သင့်ဖြစ်နေအောင်  ထိုအချိန်မှစ တစ်လောကလုံးနှင့် အဆက်အသွယ် ဖြတ်ထားခဲ့ခြင်းဖြစ်ပေသည်။မိမိသာထွက်သွားခဲ့လျင် နာကျင်ဝမ်းနည်းနေမည့်သူများကို အတတ်နိုင်ဆုံးနည်းစေချင်မိသည်။အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်ရယ်၊မိသားစုဝင်တွေရယ် ဒီလူတွေနှင့်သာ ဂယောင်ဆူး ဘဝကိုလည်ပတ်နေခဲ့တာဖြစ်ပေသည်။

🌟You🌟Where stories live. Discover now