🌟🌟ep14🌟🌟

183 18 4
                                    

[Unicode]"အဲ့တော့ မင်းကဟိုဘက်ဝိုင်းကို မသွားဘဲ ဒီမှာကြေကွဲ လူငယ်လေး လာလုပ်နေတာ
ပေါ့ "

အန်တွန် သောက်လိုက်စဆိုဂျူးဖန်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ကာအရှေ့မှာ သုန်မှုန်နေသော
မျက်နှာနှင့် ထိုင်မှိုင်နေသောသူငယ်ချင်းဖြစ်သူကိုကြည့်လိုက်မိ၏။အနောက်ဘက်ဝိုင်းဆီက စကားသံများက တစ်ခါတစ်ရံပျံ့လွင့်လာပေသည်။အစ်ကို Taroအသံကိုလည်း ရံဖန်ရံခါကြားလိုက်ရပေသည်။


သူပုံစံကိုကြည့်ပြီး အန်တွန်
အနေဖြင့် သောက်ထားသည့် အရက်တွေပင် လည်ပင်းပေါ်ပြန်ဆန်တတ်လာသလိုခံစားလိုက်ရလေသည်။စိုက်ကြည့်နေသောမျက်ဝန်းများက
အန်တွန်ပုခုံးပေါ်ကိုဖြတ်သွားကာ အနောက်ကဝိုင်းအပေါ်ကျရောက်လျက်ရှိပေသည်။


"မင်းမသောက် ချင်ဘူးဆိုလည်း ဘာလို့ဒီဘားကိုလာသေးလဲ .....မင်းကကွာ ...တကယ်ကိုချီးထုပ်ပဲ ။ငါ့အချိန်တွေပုပ်ကုန်ပြီကွ။ငါတယောလေ့ကျင့်မယ့်အချိန်တွေ မင်းကိုပေးထားတာနော် "

အန်တွန်အခုတယောဘက်ကိုပြန်လေ့ကျင့်သင်ယူဖို့ ဆုံးဖြတ်ထားပေသည်။အဓိက က ဆူးလေးကတယောထိုးနေသည့်အချိန်
ဆွဲ‌ ဆောင်မှုအရှိဆုံးဖြစ်ပြီး အန်တွန်လည်း တယောပိုင်းကို ပိုစိတ်ဝင်စားမိသွား၏။
အန်တွန်သာကရားရေလွှတ်ပြောနေသော်လည်း ဆောင်ချန်းကကြားပုံပင်မရပေ။

သူ့အာရုံကအနောက်က အစ်ကို့ဝန်ဘင်းတို့ ဝိုင်းမှာသာရှိ‌ လေသည်။အန်တွန်လည်းအခုမှတကယ်ကိုကိုယ့်ကံကိုဗေဒင်သွားမေးရမည့်ကိန်းစိုက်နေလေသည်။အားလုံးကဘာလို့ ကိုယ့်ကအရှေ့မှာရှိ နေတာကိုမမြင်ကြဘဲ လျစ်လျူရှုနေကြသလဲမသိ တော့ပေ။

ဆူးလေးတို့မမြင်တာက ဒါကအကြောင်းပြချက်အကုန်မသိရသေးလို့
အန်တွန် အနေဖြင့် သည်းခံနိုင် သော်လည်း အခုက မိမိကိုခေါ်ထားပြီး ကျောက်ရုပ်ကြီးလို စကားတစ်ခွန်းမှမပြောဘဲ  အဝေးကဝိုင်းကိုထိုင်ကြည့်နေသောသူငယ်ချင်းဖြစ်သူကြောင့် အန်တွန်စိတ်ထဲတစ်မျိုးဖြစ်လာမိ၏။


ညနေကလည်း အစ်ကိုနဲ့လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ခဲ့ရသော်လည်း ကိုယ့်ကသာလွမ်းနေရသည့် မျက်နှာလေးဆိုပြီး တစိမ့်စိမ့်ကြည့်ခဲ့ရပေမဲ့ သူကတစ်ခါလေးကြည့်ပေးဖို့တောင် စိတ်ထဲရှိပုံမရပေ။သူတို့အတွဲ ရိုတာကိုသာ ရင်နာနာနှင့် ကြည့်ခဲ့ရပေသည်။အခုလည်း ဒီရောက်ကတည်းက သူတို့အတွဲအတူထိုင်နေတာကို မြင်လိုက်ရသည့်အပြင် အစ်ကို Taroအနားမှာထိုင်နေသည့် ယွန်းနာဘီကိုပင် အဆစ်မြင်လိုက်ရလေသည်။

🌟You🌟Where stories live. Discover now