🌟🌟ep13🌟🌟

151 18 6
                                    

"အစ်ကို ....."

"အန်တွန်...."

ဝန်ဘင်း လှမ်းထိမိလိုက်သည့် သူ့ပုခုံးပေါ်ကလက်ကိုအမြန်ပြန်ရုတ်လိုက်ပြီး အရှက်ပြေ လည်ပင်းကိုပြန်ပွတ်မိသည်။တကယ်ကို အန်တွန်ဖြစ်နေခဲ့လေသည်။ဆံပင်ကအနည်းငယ်တိုသွားသည့်အပြင်
အရင်လိုမျက်စိ အပေါ်ထိဖုံးမနေတော့ဘဲ အလည်ခွဲနှင့် ဆံစတွေကနဖူး ပေါ်နှစ်ဖက်ဝဲကျနေလေသည်။ရှပ်အပြာကို အောက်ခံဝတ်ထားပြီး ကြယ်သီးအကုန်တပ်ထားကာကော်လံကကြယ်သီးကိုပါတပ်ထားပေသည်။သူကြည့်ပြီးကိုယ်ပါအသက်ရှုကြပ်လာသလိုလည်ပင်းအစ်လာသလို ဝန်ဘင်း ခံစားလိုက်ရ၏။

ဆွယ်တာအဖြူကိုပါထပ်ပေါင်းလိုက်သောအခါ
အန်တွန်က တကယ်ကိုမြင်နေကျ လူငယ်လေးပုံစံထက် အနည်းငယ်ရင့်ကျက်သည့် လူငယ်ပုံစံပေါက်သွားလေသည်။old school design ကသူနှင့်တော့ အတော်လိုက်ဖက်ပေသည်။သူ့လက်ထဲမှာလည်း cassette tape ထည့်ထားသော Walkmanကိုပူးတွဲကိုင်ထားသေးပေသည်။သူ့လက်ထဲကစာတမ်း ဖိုင်ကိုတစ်ချက်ကြည့်မိတော့ ၁၉၉၀ ခုနှစ်၊နိုဝင်ဘာ၁၄ရက်ဟုတွေ့လိုက်ရ၏။Term paper ဖြစ်ပုံရ‌ပြီး ဓာတုဗေဒအထူးပြုဟုရေးထားတာတွေ့လိုက်ရလေသည်။

"ကျွန်တော်အတွက်က အချိန်သိပ်မရလို့ စာတမ်းကိုတအောင့်နေရင်ပြန်ပေးရမှာမို့ စာတမ်းဖိုင်ကို အာရုံစိုက်မိသွားတာနဲ့ အစ်ကို အပေါ်တတ်လာတာကိုမမြင်မိလိုက်ဘူး။ကျွန်တော် ဝင်တိုက်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်နော် "

အန်တွန်နားထဲအခုထိကြားနေရဆဲဖြစ်သည့် အဆိုးလေးဟူသော အမည်နာမကြောင့် နှလုံးခုန်နှုန်းက အရင်ကထက် ပိုမြန်သလိုခံစားနေရပေသည်။ဘာလို့မှန်းမသိ အစ်ကို့အသံလေးနှင့်အမည်နာမတစ်ခု ပေါင်းစပ်လိုက်သောအခါ နားထဲရှင်းလင်းစွာကြားလိုက်ရပြီး ရင်ထဲချိုမြသွားပေ၏။အကြိမ်ကြိမ်ကြားဖူးနေသည့်အတိုင်းကြုံဖူးနေသလို ရင်ထဲ လှိုက်ဖိုလာမိလေသည်။

ဝန်ဘင်းလည်းခေါင်းညိတ်မိလိုက်ပြီး အယောင်ယောင်အမှားမှားဖြင့် အနောက်ကို အနည်းငယ်ဆုတ်လိုက်မိ လေသည်။ဘာလို့မှန်းမသိ ချိုအီသောမွှေးရနံ့နှင့်အတူ ဝန်ဘင်းစိတ်တွေယောက်ယက်ခတ်လာမိ၏။ဝန်ဘင်းကြမ်းပြင်မှာပြုတ်ကျနေသည့် ဖုန်းကိုအမြန်ကောက်ယူမိလိုက်ပြီး ဖုန်းကိုတစ်ချက်စစ်
ကြည့်မိ လိုက်ပေသည်။ဖုန်းကတစ်စစီမဖြစ်သွားတာပဲ ကျေးဇူးတင်ရပေမည်။

🌟You🌟Where stories live. Discover now