🌟🌟ep6🌟🌟

171 19 4
                                    

"တော်သေးတာပေါ့ကွာ   ငါကပရော်ဖက်ဆာ ဒီတစ်သက် အတန်းထဲကမထွက်တော့ဘူး ‌ထင်နေတာ "

ချန်း လည်ပင်းကိုဘယ်ညာလှုပ်ကာအညောင်းပြေအကြောပင်ဆန့်လိုက်မိသည်။မနက်ကတည်းက၂ချိန်ဆက်တတ်လိုက်ရသည့် ပရော်ဖက်ဆာဂင်၏အတန်းက ရှိသမျှအားအင်တွေကို ကုန်ဆုံသွား‌‌ စေပေ၏။
ချန်းဆီကထွက်လာသည့် စကားကြောင့် ဘေးကနေလန်းဆန်းတတ်ကြွနေသည့်
ဂျုံအင်ဆီကရယ်သံခပ်တိုးတိုးထွက်ပေါ်လာ၏။

"မင်းပြောမှ ငါလဲဝင်ပြောရဦးမယ် ။ တီချယ် စာသင်နေရင်း ငါဘာ အတွေးပေါက်သွားလဲ မင်းတို့သိလား  "

ငြိမ်နေသည့်ဂယောင်ဆူးကပါအားတတ်သ‌ ရော
ဝင်ပြောလာသည်မို့ ချန်းနှင့် ဂျုံအင် နှစ်ဦးသား သူ့ဆက်ပြောမည့်အကြောင်းအရာကိုစိတ်ဝင်စားမိသွား၏။

"မင်းတို့ပဲတွေးကြည့် အဲ့သိပ္ပံပညာရှင်တွေက မတရားအားယားနေတာလား မသိဘူး ။တစ်ခုပြီးတစ်ခုထုတ်လိုက်တဲ့ဖော်မြူလာတွေ ထုတ်လိုက်တဲ့ဓာတုဓာတ်ပြုမှုတွေ မပြီးနိုင်မစီးနိုင် ဟော ပြီးလည်းပြီးရော တွက်လိုက်ရတဲ့ပုစ္ဆာတွေမပြီးတော့ဘူး။သင်လိုက်ရတဲ့ အတန်းချိန်တွေ ပြီးတော့လည်း ငါတို့အမြဲမှတ်မိတာလည်းမဟုတ်ဘူး "

ဂယောင်ဆူး၏မကျေနပ်သည့်လေသံကချက်ချင်း ထွက်ပေါ်လာပေသည်။ချန်းဆီက ရယ်သဲ့သဲ့သဲ့ထွက်‌ ပေါ်လာ၏။ဂျုံအင်ကတော့ ပရော်ဖက်ဆာ စာသင်ချိန်အတွင်း စာအုပ်ထောင်ပြီး ငိုက်လိုက်သည်မှာ တရေးပင်ရလိုက်ပေ၏။အခုစာသင်ခန်းအပြင်ထွက်လာသည့် အချိန်မှာတောင်  အိပ်ချင်မပြေသေးဘဲ တစ်ခါတစ်ရံ ထသန်းနေမိပေသည်။

"ချန်းမင်းသိလား ငါတို့ပရော်ဖက်ဆာမထွက်သေးလို့ စိတ်ညစ်နေချိန်မှာ ဒီကောင် ဂျုံအင်ကလေ  စာအုပ်လေးကွယ်ပြီး အိပ်တာအိပ်တာဘေးနားမှာမီးထလောင်ရင်တောင်သူသိမှာမဟုတ်ဘူး "

ဂယောင်ဆူး၏စကားအဆုံးမှာ ချန်းရဲ့ရယ်သံအကျယ်ကြီးက ဟိန်းထွက်လာလေသည်။ဂျုံအင်ပါရယ်မိလိုက်၏။အမှန်တရားမို့ ထူးထွေပြီးလည်း ငြင်းမနေတော့ပေ။အပြင်ထွက်လာသည့်ကျောင်းသားအများစုဆီကငြီးငြူသံများကိုပါ ဂျုံအင်ကြားလိုက်ရသည်မို့ ပြုံးလိုက်မိပေသည်။

🌟You🌟Where stories live. Discover now