🌟🌟ep2🌟🌟

220 18 0
                                    

ဒေါက်.....ဒေါက်.....ဒေါက်....

တံခါးကို တစ်ချက်စီ၃ကြိမ်ခေါက်ပြီး ရပ်သွားသည့်မို့ သိပ်မကြာခင် ကိုကြီးရဲ့ အော်ခေါ်သည့်အသံထွက်လာတော့မည်မှန်း
အန်တွန်သိလိုက်မိပေသည်။အိပ်မက်ဆိုးကလန့်နိုးလာသည်မို့ အန်တွန် စိတ်ကသိပ်မလန်းပေ။ကားတိုက်ခံရသည့် အိပ်မက်က အန်တွန်ကို အခုချိန်ထိ ထိတ်လန့်နေစေပေသည်။ပြီး တော့ အိပ်မက်ထဲက ထူးဆန်းသည့် စကားများကိုလဲ အန်တွန် နားမလည်နိုင် အောင် ဖြစ်နေမိသည်။သို့‌ သော်လည်း မထချင်ထချင်ဖြင့် အိပ်ရာမှ ကုန်းရုန်းထကာ တံခါးကိုသွားဖွင့်ပေးရပေသည်။

တံခါးဘောင်ကိုမှီကာရပ်လိုက်ပြီး အပြင်မှာငြိမ်ငြိမ်လေးရပ်နေသောကိုကြီးကို အိပ်မူးစဝါးဖြင့် ကြည့်လိုက်မိပေသည်။ကိုကြီးက ထုံးစံအတိုင်း အန်တွန်ကို ဝင်တိုက်ကာ အိပ်ခန်းထဲဝင်လာ၏။အန်တွန်လည်း ကျင့်သားရနေသည်မို့ ကိုကြီးနောက်ကိုသာ ခေါင်းကုတ်ပြီးလိုက်လာမိပေသည်။
ကိုကြီးကတစ်ခန်းလုံးကို စေ့စေ့စပ်စပ်ကြည့်ပြီးသည်နှင့် အိပ်မူးစဝါးဖြစ်နေသော အန်တွန်ကိုအပေါ်အောက် အထပ်ထပ်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပေသည်။

အဲ့တော့မှ အန်တွန်မိမိကိုယ်ကိုပြန်ငုံ့ကြည့်လိုက်မိသည်။တီရှပ်အဖြူကလဲ တွန့်ကြေနေသည့်အပြင် ဘောင်းဘီ အတိုကလဲ ပေါင်ပေါ်ကို လိပ်တတ်နေပေသေးသည်။အန်တွန် ဘောင်းဘီကိုအမြန်ဆွဲချလိုက်ပြီး ကိုကြီးကို စိတ်မလုံစွာပြုံးပြလိုက်မိ၏။ညကဝတ်ထားသည့်အနွေးထည်များကအန်တွန်ဘယ်အချိန်ချွတ်လိုက်မိလဲမသိပေ။ခုတင်အောက်မှာအပုံလိုက်လေးရှိနေပေ၏။

"ကဲ ပြောပါဦး ညက ဘယ်အချိန်ပြန်ရောက်လာတာလဲ "

ဂျွန်မြောင် ဆံပင်တွေရှုပ်ပွကာ အိပ်ချင်မူးတူးဖြစ်နေသော အန်တွန်ကိုစိတ်မရှည်စွာကြည့်လိုက်မိပေသည်။ညကသူ့ကိုထိုင်စောင့်နေမိပြီး ကိုယ်တိုင်ပင်ဘယ်အချိန်အိပ်ပျော်သွားလဲမသိခဲ့ပေ။အစကမပြန်လာခဲ့ရင် ဦးငယ်ကို လှမ်းအကြောင်းကြားကာ ဒီကောင်လေးကို
နယူးဂျာစီပြန်ပို့လိုက်မလို့ဖြစ်သည်။ အခုတော့ သူကဘယ်အချိန်ပြန်ရောက်နေသလဲမသိ။အိပ်ချင်မူးတူးဖြင့် တံခါးတော့အမြန်ဖွင့်လာပေးရှာ၏။

🌟You🌟Where stories live. Discover now