🌟🌟ep 1🌟🌟

411 27 5
                                    

နှင်းစက်နှင်းမှုန်များက ကောင်းကင်ပေါ်မှတစ်ဖွဲဖွဲကျဆင်းကာ ဆိုးလ် လမ်းမတစ်လျှောက်အလှဆင်လျက်ရှိပေသည်။ဆင်းရဲချမ်းသာ၊လူတန်းစားမရွေးနေရာ မရွေးအားလုံးအပေါ်တစ်ပြေးညီ ကျဆင်းလျက်ရှိပေ၏။မိုးချုပ်နေသည့်တိုင်အောင် လမ်းမီးများကလင်းထိန်နေကာ မနက်ခင်းအလားအသက်ဝင်လျက်ရှိပေသည်။ဆိုင်ခန်းများနှင့် လမ်းဘေးဈေးသည်များ၏ အလှမီး နီယွန်မီးများကနှင်းများအကြားအံ့တုကာ တစ်ဖျက်ဖျက်လင်းလက်နေပေ၏။


မြေအောက်ရထားဘူတာတွင်လည်း လူများထွက်ချည်ဝင်ချည် လှုပ်ရှားသွားလာနေကြပေသည်။အလုပ်ဆင်းသည့်လူများရှိကြသလို ပစ္စည်းပို့ဆိုင်ကယ်များကလည်းပျာပန်းခတ်သွားလာနေကြပေသည်။လမ်းမပေါ်တွင်အသီးသီးသွားလာနေကြသော်လည်း နှုတ်ဆက်ခြင်းမရှိ ကိုယ်စီကိုယ်စီ လှုပ်ရှားသွားလာနေကြကာ တိတ်ဆိတ်လျက်ရှိပေ၏။နှင်းများကျဆင်းနေတာကိုပင် ငေးကြည့်ဖွယ်ရာမရှိတော့ပေ။ကိုယ်စီအတွေးများကအိမ်ပြန်ရောက်ချင်စိတ်များသာကြီးစိုးနေကြပေသည်။

အန်တွန် တစ်ယောက်တည်းသာလူများလှုပ်ရှားသွားလာနေကြသည့်လမ်းမမှာတိတ်ဆိတ်စွာရပ်နေခဲ့ပေသည်။ထီးလည်းမပါ၊ဦးထုပ်လည်းမပါဘဲ နှင်းများအကြားယောင်ချာချာတစ်ကိုယ်တည်းရပ်နေခဲ့မိပေ၏။နှင်းမှုန်များ‌ကအန်တွန်ကိုယ်ပေါ်နေရာမလပ်ကျရောက်လာ‌‌ လေသည်။အအေးဒဏ်ကြောင့် အန်တွန်နှုတ်ခမ်းများပင်တုန်ယီနေပေသည်။အန်တွန်မိမိ လက်ဖဝါးကို တုန်ယင်စွာ ဖြန့်လိုက်မိ၏။ထိုအခိုက်တွင် နှင်းမှုန်များကလက်ဖဝါးပေါ် သက်ဆင်းလာပေသည်။

အန်တွန် ထိုနှင်းများကိုသာ အကြောင်းမဲ့ ငေးကြည့် မိ‌‌ နေပေသည်။‌ လောက သဘာဝ အလျှောက် နှင်းများကဖြူစင်လှပေသည်။တစ်စုံ တစ်ယောက်၏မျက်ဝန်းများသည်လည်း မိမိအပေါ်တွင် ထိုနှင်းများကဲ့သို့ ဖြူစင်လွန်းလှ ပေ၏။သူ့အ‌ ကြောင်းကို တွေးမိလိုက်သည်နှင့် အန်တွန်နှုတ်ခမ်းလှုပ်ယုံပြုံးလိုက်မိ ပေသည်။လူတိုင်းက ကိုယ့်သဘောကျရသူကိုတွေးမိသည့်အချိန်တိုင်း မသိလိုက်သည့် အခိုက်အတန့်တိုင်း စိတ်လိုလက်ရပြုံးနေမိကြသည်မှာ လူတိုင်းလိုလို ပင်ဖြစ်ပေသည်။

🌟You🌟Where stories live. Discover now