Part - 20

428 48 7
                                    

သူ့ကိုလာကြိုမယ်လို့ ဖုန်းဆက်ထားတာ တစ်နာရီကျော်ကြာတဲ့ထိ လာကြိုမယ့်သူကပေါ်မလာတာကြောင့် စိတ်တိုပြီး စောင့်ရတာစိတ်မရှည်ချင်တော့ပေ။

'အဲဒါကြောင့် လာကြိုမနေနဲ့ပြောတာကို စကားကို
ဘယ်တော့မှနားမထောင်တဲ့လူဆိုးကောင်၊ နေ့နှင့်ဦး
လာခါမှ ဆူပစ်ဦးမယ်' ဟု စိတ်ထဲတွေးရင်း ပေါ်မလာသူကိုမျှော်နေရပြန်ပါတယ်။

ကားလမ်းပိတ်ရင်တောင် အလွန်ဆုံးကြာ ၁ နာရီလောက်ပဲရှိတဲ့ခရီးကို ၁ နာရီ ၁၅ လောက်ထိရောက်
မလာတော့ စိတ်တိုတဲ့အဆင့်ကနေ စိတ်ပူတဲ့အဆင့်ဆီကူးပြောင်းလာပါတယ်။

'လူကို အလကားနေရင်း စိတ်ပူအောင်လုပ်တယ်၊
ငါ့ဘာသာပြန်ပါမယ်ဆိုတာကို၊ ခုတော့ ‌စောင့်ရတာ
ကြာသေး၊ သူ့ကိုက စိတ်ပူရသေး၊ ဒီလောက် စကားနားမထောင်တာ ဖြစ်ချင်ရာဖြစ်ပြစ်ကိုထားမယ်' လို့ ပါးစပ်ကသာ ရေရွတ်နေပေမယ့် လက်တွေကတော့
ဖုန်းနံပါတ်လေးတစ်ခုကို ခေါ်ဆိုနေပြီပင်။

"လူကြီးမင်းခေါ်ဆိုသော‌တယ်လီဖုန်းမှာ...."

ငါးကြိမ်လောက်ခေါ်တဲ့ထိ ဖုန်းကိုင်သူမရှိဘဲ
လူကြီးမင်းနဲ့ပဲတိုးနေတာကြောင့် ကျန်းဟောင့်ရဲ့
စိုးရိမ်စိတ်တွေမြင့်တက်လာရပါတယ်၊ ပါးစပ်ကလည် 'ပင်းပင်း မင်းတစ်ခုခုဖြစ်လို့မရဘူးနော်'
ဆိုတာကို ဂါထာရွတ်သလိုရွတ်ရင်း လက်တစ်ဖက်က "ကင်ဂယူဘင်း"လို့ မှတ်ထားတဲ့ ဖုန်းနံပါတ်တစ်ခုကို ခေါ်နေလေရဲ့။

တစ်ဖက်က ဂယူမှာလည်း ဝင်လာတဲ့ဖုန်းနံပါတ်ကို
မြင်ပြီး ဒီလူက ငါ့ဆီဘာလို့ဖုန်းခေါ်ရတာလဲ မဟုတ်မှ ဟျောင်းများ....

"ဟယ်လို.."

အတွေးမဆုံးခင် ချက်ခြင်းပြန်ဖြေလိုက်တော့...

"ကင်ဂယူဘင်း...ငါ ကျန်းဟောင့်"

"ဟုတ် သိတယ်ဗျ၊ ဒါနဲ့ ဘာကိစ္စ"

"မင်းနဲ့ဟန်ဘင်း ဒီနေ့အဆက်သွယ်ရသေးလား?
သူ ဘယ်ကိုသွားမယ်ပြောသေးလဲ"

"ဒီနေ့တစ်နေ့လုံး ဟျောင်းနဲ့အဆက်သွယ်မရှိဘူး၊
ဟျောင်းဆီမဆက်သွယ်ဖြစ်တာ တစ်ပတ်နီးပါး
ရှိတော့မယ်၊ ဟျောင်းဘာဖြစ်လို့လဲ? ဟျောင်းကို
ခင်ဗျား ဘာလုပ်လိုက်ပြန်ပြီလဲ"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now