Part - 18

504 45 3
                                    

အမူးပြေဟင်းရည်ကို ခေါ်မဖော်တမ်း အားပါးတရ
သောက်နေတဲ့ဟန်ဘင်းကြောင့် ကျန်းဟောင့်
နှုတ်ခမ်းတွေကွေးတက်သွားတဲ့ထိပြုံးမိရင်း..
"ကိုယ်ချက်တဲ့ဟင်းရည်က အဲလောက်ကောင်းတာလား"လို့ မေးမိတော့...

"အင်း..အရမ်း အရမ်းကိုကောင်းတယ်၊ ကျွန်တော်
သောက်ဖူးသမျှဟင်းရည်တွေထဲမှာ အကောင်းဆုံးပဲ၊ 100 မှာ 100 အပြည့်"

Cat Whisker လေးတွေပေါ်တဲ့ထိ ရယ်မောရင်း
ပြောလာတဲ့ဟန်ဘင်းကြောင့် ကျန်းဟောင့်ဆီပါ
ပျော်ရွှင်မှုတွေကူးစက်ရပါတယ်။ စိတ်ကြည်နေတဲ့
အချိန်ဆို ပြောသမျှလုပ်သမျှအရာရာက ဖြူစင်တဲ့ကလေးငယ်လေးလိုပါပေ။

"ဟား...နည်းနည်းတော့ လျှော့ပါအုံးကွာ၊ ဒါကိုသာ
အိုမားကြားရင် ဝမ်းနည်းနေတော့မယ်"

"သူ့သားက ကောကောထိပ်ထားစံမှန်း အိုမားက
သိပြီးသားမို့ စိတ်မကောင်းဖြစ်မှာမဟုတ်တာမို့
ကောစိတ်မပူနဲ့..ဟီး"

ဟန်ဘင်းအပြောကြောင့် ကျန်းဟောင့်မှာ ရယ်ရ
အခက်၊ ငိုရအခက်ပါပေ။ အိမ်က အချစ်တော်
သားလေးဖြစ်တဲ့အပြင် ဟန်ဘင်းက အရမ်းလိမ္မာတာမို့ မိသားစုရဲ့ဝိုင်းတုန်ချစ်လေးပါ။ ဒီရက်တွေထဲ
သူ့ကြောင့် အများကြီးဝမ်းနည်းခဲ့ရတာကိုတွေးမိတော့ အားနာမိပြန်ပါတယ်။

"ဟုတ်ပါပြီကွာ၊ စားပြီးရင် အလုပ်ပြန်သွားအုံး
မှာလား?"

"ဟင့်အင်...ဒီနေ့အလုပ်မသွားတော့ဘူး၊ ကောနားမှာပဲနေတော့မယ်၊ ကောလည်းအပြင်မသွားဘူးမို့လား"

"အင်း...ဒါနဲ့ ခုနက အလုပ်ကိုတအားသွားချင်နေတဲ့
ကောင်လေးက ဘယ်ရောက်သွားတာလဲ"

"အဲဒါက ကောနဲ့မျက်နှာချင်းမဆိုင်ရဲလို့လေ"

"မဆိုင်ရဲတာဟုတ်လို့လား? မဆိုင်ချင်တာမဟုတ်
ဘူးလား?"

"အဲဒါ ဘယ်သူ့ကြောင့်မို့လဲ? ယွန်းမီဆီက စကားတွေကြားပြီး ကျွန်တော် ဘယ်လောက်ဝမ်းနည်းခဲ့ရတယ်ထင်လဲ? ကောက မခံစားဖူးတော့ ဘယ်လိုလုပ်
ကိုယ်ချင်းစာတတ်မှာလဲလို့"

"ဟုတ်ပါပြီကွာ...ထပ်ပြီး ဝမ်းမနည်းပါနဲ့တော့၊
ကောမှားတယ် ဟုတ်ပြီလား၊ စားပြီးရင်လည်း
ပေါ့ပေါ့ပါးပါရှ်ိတဲ့အဝတ်စားသွား‌လဲအုံး"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now