Part - 9

481 54 2
                                    

"အဲဒါတော့ မင်းဘက်ကလွန်တယ် ကျန်းဟောင့်၊
မင်းဘက်က သဘောမတူဘဲ ခိုးယူထားတာလည်း
မဟုတ်ဘူးလေ ဘယ်လိုပဲ မင်းနေချင်သလိုနေမယ်
ဆိုပါစေအုံး အိမ်ထိခေါ်သွားတာကတော့..."

မနေ့ညက ဟန်ဘင်းနဲ့ပြဿနာဖြစ်ပြီး ဂျီအွန်းအိမ်ကိုထွက်လာခဲ့တာ၊ ဘာမှမပြောဘဲသောက်ပဲသောက်နေတဲ့ကျန်းဟောင့်ကို မေးခွန်းတွေမမေးဘဲ အလိုက်တသိနေပေးတဲ့ ဂျီအွန်းက အကြောင်းစုံသိလာတော့ အပြစ်စကားဆိုလာပါတယ်။

"ငါလည်း ခေါ်သွားချင်လွန်းလို့တော့ မဟုတ်ဘူးလေကွာ၊ ယွန်းမီက တအားဂျီကျနေတော့ ငါလည်းနားပူ
မခံနိုင်တော့လို့၊ ပြီးတော့ အဲဒီအချိန် သူပြန်ရောက် လာမယ်လည်းမထင်ဘူး၊ ငါ သူ့ကို ဘယ်လောက်မုန်းမုန်း ဒီလောက်ထိတော့..."

"အဲဒါတွေက ငါ့ကိုပြောရမှာမဟုတ်ဘူး‌ ဟန်ဘင်း
သိအောင် ပြောပြရမှာလေ၊ ခုလည်း နေမကောင်း
ဖြစ်နေတဲ့ကလေးကိုပြစ်ထားပြီး ငါ့ဆီလာသောက်
နေတယ်၊ မင်း တော်တော်ဆိုးနေပြီပဲ ကျန်းဟောင့်"

"ပင်းပင်းနားမှာပဲနေရင် ငါစိတ်ပျော့သွားမိလိမ့်မယ် ဂျီအွန်း၊ ငါ ဒီလိုပြစ်ထားမှ သူစိတ်နာသွားပြီး ငါ့ကို
မြန်မြန်ကွာရှင်းပေးမှာ"

"မင်းက အရူးပဲ ကျန်းဟောင့်၊ ‌ဘာလို့လဲ စိတ်ပျော့
သွားတော့ရော ဘာဖြစ်လဲ? မင်းတို့ရဲ့အိမ်ထောင်ရေး တည်မြဲနေလို့မဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲ?

"ငါမသိဘူး... ယွန်းမီနဲ့လက်ထပ်ပြီး ပျော်ရွှင်တဲ့
မိသားစုတစ်ခုကိုဖန်တီးဖို့က ငါ့အိပ်မက်ပဲ၊ ပြီးတော့
ပင်းပင်းကို ညီလေးတစ်‌ယောက်လိုပဲ ငါချစ်တာ"

"ယောက်ျား‌လေးမို့ မိန်းကလေးတစ်ယောက်ကို
လက်ထပ်ပြီး ကလေးယူမယ် ပျော်ရွှင်တဲ့ဘဝကိုဖန်တီးမယ်ဆိုတဲ့ မင်းရဲ့ စာအုပ်ကြီးလိုအတွေးတွေကိုဖျောက်ပြီး နှလုံးသားနဲ့ သေချာတွေးကြည့်စမ်းပါ ကျန်းဟောင့်ရာ။ ငါသိသလောက် ယွန်းမီကိုလည်း
မင်း အဲလောက်ထိချစ်တာမဟုတ်ပါဘူး၊ သူ့ဘက်
ကသာမစခဲ့ရင် သူနဲ့မင်း ချစ်သူတွေတောင်ဖြစ်လာမှာမဟုတ်ဘူး"

ကျန်းဟောင့်နဲ့ဂျီအွန်းက တက္ကသိုလ်ပထမနှစ်တည်းကပေါင်းလာပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေမို့
ကျန်းဟောင့်အကြောင်းတော်တော်များများကို
သိပါတယ်။ စာလည်းလွဲပြီး တခြားနေရာမှာညံ့လွန်းတဲ့ကျန်းဟောင့်က အတွေးတွေကလည်း စာအုပ်ကြီး
ဆန်နေတတ်ပြန်ပါတယ်။ ဂျီအွန်းအနေနဲ့ကတော့
ကျန်းဟောင့် ဘာပဲရွေးချယ်ပါစေ သူ့ကိုနောင်တ
မရစေချင်။

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now