Part - 1

810 54 3
                                    

"ပင်းပင်းနဲ့လက်ထပ်ရမယ် ဟုတ်လား မား?
ဘာတွေဖြစ်ကုန်တာလဲ ဒါကဖြစ်သင့်တယ်လို့ တကယ်ပဲထင်တာလား မား? ကျွန်တော်ရော
ပင်းပင်းရော ယောက်ျားလေးတွေဆိုတာ မားတို့
မေ့နေတာတော့မဟုတ်ဘူးမို့လား?

မနက်စာစားပြီး သားကိုပြောစရာရှိတယ်လို့ပြောလာတဲ့မားကြောင့် ကျောင်းမသွားသေးဘဲ ထိုင်စောင့်နေတဲ့သူ့ကိုပြောလာတဲ့မားရဲ့စကားကြောင့် ကျန်းဟောင့် ဒေါသလည်းထွက်ရသလို အံ့လည်းအံ့ဩရပါတယ်။

"ဒါက ပါးပါးရဲ့ဆုံးဖြတ်ချက်ပဲ သား။ မားလည်း စိတ်မကောင်းပေမယ့် အခြေနေက‌ ဒီလိုလုပ်မှကို
ရမှာမို့ မားကတောင်းပန်ပါတယ်"

မျက်နှာအပျက်ပျက်နဲ့တောင်းပန်လာတဲ့မားကိုကြည့်ပြီး ကျန်းဟောင့်စိတ်ထဲ မွန်းကြပ်လာရပါတယ်။

"မားတို့ရဲ့အခြေနေဆိုတာ ဘာလဲသားကိုပြောပြ
လေ။ သားတို့တူတူဖြေရှင်းကြရင် ရမှာပဲမဟုတ်လား? ပင်းပင်းကိုတော့ လက်မထပ်နိုင်ဘူး မား။
ပင်းပင်းလည်း ဒီကိစ္စကိုလက်ခံမှာမဟုတ်ဘူး"

"မားတို့ ကြိုးစားကြည့်ပြီး ဖြေရှင်းလို့မရလို့ သားကို
ဒီကိစ္စထုတ်ပြောရတာပေါ့ကွယ်။ ပြီးတော့ ဒီကိစ္စကို
ပင်းပင်းကလက်ခံတယ်။ မင်းနဲ့ လက်ထပ်ခွင့်ပြုဖို့
ပင်းပင်းကပဲ တောင်းဆိုခဲ့တာတဲ့။ သားလည်း
ပင်းပင်းကို ချစ်တာပဲမို့လား?

မားရဲ့စကားကြောင့် ဟျန်းဟောင့် ဘာဆက်ပြောရမှန်းမသိဖြစ်ပြီး ရှော့ခ်ရသွားခဲ့ပါတယ်။ ပင်းပင်းက
ဒီကိစ္စကိုလက်ခံတယ် မဟုတ်သေးဘူး သူနဲ့လက်ထပ်ဖို့ ပင်းပင်းက တောင်းဆိုခဲ့တာတဲ့လား?

သူ့မှာချစ်သူရှိတယ်ဆိုတာသိနေတဲ့ပင်းပင်းက
ဒီလိုတောင်းဆိုမှုမျိုးကို ဘာကြောင့်လုပ်ရတာလဲ။
ဒီကိစ္စကို မင်းနဲ့ သေချာဖြေရှင်းမှဖြစ်‌တော့မယ် ဆောင်းဟန်ဘင်း။

"ပင်းပင်းကို သားချစ်တယ်ဆိုတာ ကိုယ့်ညီလေး
တစ်ယောက်လိုမျိုးချစ်တာ မား။ ပြီးတော့ သားမှာ
ချစ်သူရှိတယ်ဆိုတာ မားတို့ရော သူရောသိတယ်။
ဒီကိစ္စကို ပင်းပင်းနဲ့တွေ့ပြီး သားကဖြေရှင်းလိုက်
မှာမို့ ခုတော့ သားကိုခွင့်ပြုပါဦး မား"

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now