Part - 6

450 40 5
                                    

"ဟျောင်း အဲဒါက ဘယ်သွားမလို့လဲ? ကျွန်တော့်ကို
ဒီပုစ္ဆာလေးရှင်းပြပေးပါဆိုတာကို"

"မတွေ့တာကြာနေပြီမို့ ဟန်ဘင်းဟျောင်းဆီသွားလည်မလို့။ ပြီးတော့ ယူဂျင်း... နားလည်ပြီးသား
စာတွေကို အချိန်ကုန်ခံပြီး ခဏခဏလာရှင်းပြ
ခိုင်းနေတာတွေ ရပ်လိုက်တော့"

"ဘာသွားလုပ်မှာလဲ? ဟန်ဘင်းဟျောင်းက သူ့ဘဝနဲ့
သူပျော်နေပြီလေ။ ဟျောင်းက ခင်ဗျားကိုသတိရမှာတောင်မဟုတ်တာကို"

"ဟန်ဘင်းဟျောင်းက ငါ့ကိုသတိမရတာက ခုမှ
မဟုတ်တာမို့ ငါ့အတွက် ထူးပြီးဝမ်းနည်းစရာမဟုတ်ဘူး။ သူရွေးချယ်လိုက်တဲ့လမ်းပေါ်မှာ တကယ်ပျော်နေလားဆိုတာ အတည်သွားပြုမလို့။ ဟျောင်းသာ
ပျော်မနေရင် အဲဒီနွံထဲက ရအောင်ဆွဲထုတ်ပေးမလို့"

ဂယူ့စကားကိုကြားပြီး ယူဂျင်းက...

"ခင်ဗျား ရူးသွားပြီလား ကင်ဂယူဘင်း"

"မရိုင်းနဲ့ ဟန်ယူဂျင်း။ ငါက မင်းကို သူငယ်ချင်းလိုပေါင်းတယ်ဆိုတိုင်း မင်း ငါ့ကိုဝေဖန်ပိုင်ခွင့်မရှိဘူး"

"ဝေဖန်ခွင့်မရှိလည်း ပြောချင်တာကိုတော့ပြောရမှာပဲ။ ဘယ်သူက ခင်ဗျားကို အတင်းဆွဲထုတ်ခိုင်းနေလို့လဲ? ဟန်ဘင်းဟျောင်းအတွက် ခင်ဗျားကိုလိုအပ်တယ်လို့ တကယ်ပဲထင်နေတာလား? ခင်ဗျားမပြောနဲ့ သိကြားမင်းဆင်းပြီးဆွဲထုတ်ရင်တောင် ဟန်ဘင်းဟျောင်းက အဲဒီနွံထဲက မထွက်နိုင်ဘူးဆိုတာ သူ့နားက လူတိုင်းသိတယ်။ ခင်ဗျားပဲ ရူးနေလို့မသိတာ"

"အင်း...ဟုတ်တယ်။ ငါက ရူးနေလို့မသိတာ။ အဲဒီတော့ ရူးနေတဲ့ငါ့ကိုသဘောမကျဘဲ မင်းကိုတကယ်
သဘောကျတဲ့သူကိုပဲရှာ။ ခုတော့ ငါသွားပြီ"

"မသွားပါနဲ့ ဟျောင်းရာ...‌နော်။ ရား...ကင်ဂယူဘင်း
အရူးကောင် မသွားပါနဲ့ဆိုတာကို သေအောင်ခံစားရမှမှတ်မယ့် ငတုံးကောင်"

နောက်ကနေအော်ကျန်ခဲ့တဲ့ယူဂျင်းကိုလှည့်မကြည့်ဘဲ ဟန်ဘင်းဟျောင်းဆီကိုပဲ ထွက်လာခဲ့ပါတယ်။

ယူဂျင်းကိုမြင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလိုပဲမို့ စိတ်မကောင်းဖြစ်ရပါတယ်။ တစ်ဖက်သတ်ချစ်ရတဲ့ခံစားချက်ကိုနားလည်တာမို့ ကိုယ့်လိုမျိုး
ဘယ်သူ့ကိုမှထပ်မခံစားစေချင်ပါ။

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now