Part - 14

556 56 7
                                    

အရင်အ‌ခြေနေထိတော့မဟုတ်သေးပေမယ့် ကောနဲ့အဆင်ပြေပြေဖြစ်နေတာ တစ်လလောက်ရှိပါပြီ။
အိမ်အလုပ်တွေလည်း ကူလုပ်လာတတ်သလို
ကျောင်းက စောရောက်တဲ့နေ့ဆို အဝတ်စားတွေပါ
မီးပူတိုက်ထားတတ်လို့ ဟန်ဘင်းမှာအားနာရတာ
အခါခါ။ မလုပ်နဲ့လို့ ဘယ်လောက်ပြောပြောမရပေ။

ကောနဲ့ယွန်းမီ ပြတ်သွားပြီလား ဆက်တွဲနေသေးလားသေချာမသိပေမယ့် အရင်လောက်တွဲသွား
တွဲလာလုပ်ပုံတော့မရ၊ သူ့အပေါ်လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံလာတာကြောင့်
အခြေအမှန်ကိုတော့ မခန့်မှန်းတတ်။ တစ်ခါ
တစ်လေ ကောဘာတွေတွေးနေလဲသိချင်မိပါရဲ့။

Facebook သုံးနေတုံး NF မှာတက်လာတဲ့ပို့စ်ကြောင့် ကျန်းဟောင့်စိတ်တို့ ချက်ချင်းနောက်ကျိသွားရပါတယ်။ ဟန်ဘင်းက သူနဲ့ရင်းနှီးတဲ့ကလေးတွေနဲ့မိတ်ဆက်ပေးထားလို့အားလုံးကိုသိပေမယ့် ယူဂျင်းနီးနဲ့ ဂွန်းဝုဂီကို ကြည့်ရသလောက် ဂယူဘင်းကိုတော့ လုံးဝကြည့်မရ။

တစ်ချိန်လုံး ဟန်ဘင်းနားကပ်နေတတ်ပြီး မျက်လုံး
အကြည့်တွေမှာ နှစ်သက်သဘောကျတဲ့အငွေ့သက်
တွေပါနေတာအသိသာကြီး၊ ဟန်ဘင်းနဲ့လက်ထပ်
ပြီးတည်းက ကိုယ့်ကိုတွေ့တိုင်း ရန်သူလိုအကြည့်နဲ့
ဆက်ဆံတတ်တာကိုလည်းမကြိုက်။

ခုလည်း တင်ထားတဲ့ပုံမှာ လက်တစ်ဖက်က
ဟန်ဘင်းပုခုံးကိုဖက်ထားပြီး နောက်လက်တစ်
ဖက်ကလက်ညိုးနဲ့ ဟန်ဘင်းပါးကိုထိုးထားသေး။
ဘာကပ်ပရှင်မှမပါဘဲ ပုံချည်းသီးသန့်တင်ထား
တာဖြစ်ပြီး ပုံထဲက အိမ်ကကောင်မျက်နှာကလည်းပြုံးလို့ဖြီးလို့။
….………….........................

ဟန်ဘင်းအိမ်ပြန်ရောက်သည်ထိ ကောက
ပြန်မရောက်သေးပါ။ ဒီရက်တွေမှာ ကောကပဲ
ဟန်ဘင်းထက် အရင်ပြန်ရောက်နေကျဖြစ်ပြီး
ညနေစာကိုလည်း များသောအားဖြင့် ကောကပဲ
ချက်ပါတယ်။

ကောက နောက်ကျနေတာမို့ ညစာကို ဟန်ဘင်းပဲ
ချက်လိုက်ပါတယ်။ ၆ နာရီလောက်ထိ ကောက
ပြန်ရောက်မလာသေးလို့ ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းမကိုင်တာကြောင့် ကိစ္စ‌တစ်ခုခုရှိလို့နောက်ကျတာဖြစ်ပုံပင်။

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now