Part - 3

464 46 6
                                    

ဆောင်းဟန်ဘင်းရဲ့ကုမ္ပဏီက နေ့ခင်းတစ်နာရီကတည်းကထွက်လာခဲ့ပေမယ့် စိတ်တွေရှုပ်ထွေးပြီး ဘယ်သွားရမှန်းမသိလို့ Bus ကားဂိတ်မှာထိုင်နေတာ တစ်နာရီနီးပါးကြာပါပြီ။

ဘယ်သွားရမလဲ စဉ်းစားမရတဲ့အ‌ဆုံး ယွန်းမီဆီသွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ ယွန်းမီနဲ့တွေ့
အကြောင်းစုံပြောပြပြီး ဘာဆက်လုပ်သင့်လဲ
ဆွေးနွေးရမယ်။ ယွန်းမီဆီမှာတော့ ကျန်းဟောင့်အတွက် အကြံကောင်းတစ်ခုခုရှိနိုင်မယ်ထင်ပါရဲ့။

"ဟယ်လို...ယွန်းမီ ခုဘယ်မှာလဲ"

"ကျောင်းမှာပဲလေ ကိုရော ဘယ်မှာလဲ။ ဒီနေ့
ကျောင်းမလာဘူးဆို ဂျီအွန်းပြောတယ်"

"ကိုယ်က အပြင်မှာ ခဏနေရောက်ရင်တွေ့ဖို့
အဆင်ပြေလား ကိုယ်အရေးတကြီးပြောစရာရှိလို့"

"အင်း အဆင်ပြေပါတယ် တွေ့ကြတာပေါ့။
ဖြေးဖြေးလာ"

ယွန်းမီနဲ့ဖုန်းပြောပြီး Bus လည်းလာတာမို့ ကျောင်းကို  Bus နဲ့ပဲ ပြန်လာလိုက်ပါတယ်။

"ဟယ်လို..ယွန်းမီ ကိုယ်ရောက်နေပြီ။ အေးအေး ဆေးဆေးစကားပြောချင်တာမို့ ကန်တင်းမှာပဲ
တွေ့ကြရအောင်။ ခဏထွက်လာခဲ့နော်"

"ဟုတ်ပြီ ကို။ ခုပဲထွက်လာခဲ့မယ်"

ယွန်းမီကို ဘယ်ကနေစပြီးပြောပြရမလဲတွေး
နေတုံး...

"ကို...ဘာတွေတွေးနေတာလဲ ယွန်းမီလာတာတောင်မမြင်ဘူး။ မျက်နှာလည်းသိပ်မကောင်းသလိုပဲ။
တစ်ခုခုဖြစ်လို့လား?"

စိတ်တွေဘယ်လောက်လွင့်နေလဲဆို ယွန်းမီက
အနားရောက်လာပြီးခေါ်မှ သတိဝင်လာတဲ့အဖြစ်။
မင်း ငါ့ကို‌ တော်တော်ဒုက္ခပေးတာပဲ ပင်းပင်း။

"စိတ်ရှုပ်လွန်းလို့ ကွယ်ပျောက်သွားချင်မိတဲ့ထိပဲ
ယွန်းမီရယ်။ ဘာကို ဘယ်ကစပြီး ဘယ်လိုလုပ်ရမယ်ဆိုတာတောင် ကိုယ်တကယ်မသိတော့ဘူး"

"ဘာတွေဖြစ်လာလို့လဲပြောပြလေ ယွန်းမီတို့
တူတူ‌ဖြေရှင်းကြတာပေါ့ ကိုရဲ့"

ဖေးဖေးမမပြောလာတဲ့ချစ်သူလေးကြောင့်
ကျန်းဟောင့်ရင်ထဲက မွန်းကြပ်မှုတွေ အနည်းငယ်
လျော့ပါးသွားသလိုခံစားရပါတယ်။

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးDonde viven las historias. Descúbrelo ahora