Part - 7

441 47 9
                                    

ဟန်ဘင်းအိမ်ပြန်ရောက်တဲ့အချိန်ထိ ကော
ပြန်မရောက်သေးလို့‌တော်ပါ‌သေးရဲ့ မဟုတ်ရင် ညစာနောက်ကျလို့ ပွစိပွစိ‌ပြောရင်း ရွှေမျက်နှာ
တော်လေးညှိုးအုံးမှာ။

ရုံးကပါလာတဲ့စာရင်းဖိုင်တွေကို ဧည့်ခန်းထဲမှာ
ဖြစ်သလိုပစ်ချပြီး ညစာပြင်ဆင်ဖို့ မီးဖိုခန်းဘက်ကို
ထွက်လာခဲ့ပါတယ်။ အာပါးက ခိုင်းဖို့အဒေါ်ကြီးတစ်ယောက်ပို့ပေးမယ်ပြောပေမယ့် ဟန်ဘင်းတို့က ‌ယောက်ျားလေးတွေချည်းဖြစ်တာကြောင့် လက်မခံခဲ့ပါ။ ပြီးတော့ ဟန်ဘင်းနဲ့ကောအခြေနေကိုလည်း အားပါးကိုမသိစေချင်။

ဟန်ဘင်းညစာပြင်ဆင်ချက်ပြုတ်ပြီး‌တဲ့အချိန်က
၇ နာရီကျော်နေ‌ပြီဖြစ်ပေမယ့် ကောက ပြန်မရောက်
သေး။ ရေချိုးရင်း ကောကိုစောင့်လိုက်မယ်လို့တွေးပြီး ဟန်ဘင်းအပေါ်တက်ကိုတက်လာခဲ့ပါတယ်။
လူကိုစိတ်ပူအောင်လုပ်ရတာသိပ်ကြိုက်တဲ့ကောက တကယ့်အဆိုးလေးပါပဲဗျာ။

ဟန်ဘင်းရေချိုးပြီးလို့ ပြန်ဆင်းလာတဲ့ထိ ကောက
မရောက်သေးတော့ စိတ်ပူစွာဖုန်းခေါ်ကြည့်ပေမယ့်ကိုင်သူမရှိတဲ့အဝင်ကောလ်လေးက ဟန်ဘင်းကို
ပြောင်ပြနေသလိုလို။ ဟန်ဘင်းထင်ထားတာထက် ကောက ပိုပြီးရက်စက်နိုင်တဲ့သူထင်ပါရဲ့။

တစ်နေ့လုံးပင်ပန်းလာတာကြောင့် ကောကို
စောင့်ရင်း ဧည့်ခန်းကဆိုဖာမှာအိပ်ပျော်သွားပြီး
လန့်နိုးလာတော့ ည 9 နာရီခွဲ။ ဟန်ဘင်း အလန့်
တကြားထလို့ ကောအခန်းလေးကိုသွားကြည့်
တော့ စာကြည့်စားပွဲမှာစာလုပ်နေတဲ့ကောကို
မြင်ရမှ ရင်ထဲကအပူက ပြေငြိမ်းပါတယ်။

"ကော...ဘယ်ချိန်ပြန်ရောက်တာလဲ? ဖုန်းရော
ဘာလို့မကိုင်တာလဲ? ဘာလို့ဒီလောက်နောက်ကျ
နေရတာလဲဗျာ"

မေးခွန်းတွေဆက်တိုက်မေးနေတဲ့ ကျွန်တော့်ကို
မကြည်သလိုမော့ကြည့်လာပြီး...

"ငါ့ဘာသာ ဘယ်ချိန်ပဲပြန်လာလာ ဖုန်းပဲမကိုင်ကိုင် ဘာလို့ပဲနောက်ကျကျ မင်းနဲ့ဆိုင်လို့လား?"

"ကျွန်တော်က စိတ်ပူလို့ပါ ကောရယ်။ နောက်ကျမယ်ဆိုလည်း ဖုန်းလေးတော့ကိုင်..."

ကျွန်တော့်ရဲ့ လူဆိုးကောင်လေးWhere stories live. Discover now