မောင့်ရဲ့ပျိုး(15)

550 30 2
                                    

"ပျိုး...နေမကောင်းဘူးလားမင်းကြည့်ရတာပင်ပန်းနေသလိုပဲ"

မင်းစေရာမတွေ့ရတာကြာသောသူငယ်ချင်းဖြစ်သူ၏ဆိုင်သိုသွားချိန်မြင်လိုက်ရတာကပင်းပန်းနွမ်းလျော်ကာအားမရှိသလိုဖြစ်နေသည့်သူငယ်ချင်းဖြစ်သူကြောင့်အမေးဆိုလိုက်သည်။

"အဲ့တာကြောင့်မင်းကိုပြောပါတယ်!..အလုပ်တေကြီးဖိမလုပ်ပါနဲ့ဆိုတာကို"

စေရာကပျိုးအားစိုးရိမ်စွာဆူပူမိတော့ပျိုးကဟီးခနဲရီပြလာကာ...

"ဟီး"..အဲ့လို့မဟုတ်ပါဘူးကွာဒီရက်ထဲဝဠာကစာမေးပွဲဖြေရတော့မှာအဲ့တာ‌ေကြာင့်သူအားတဲ့အချိန်‌ေလးဖုန်း‌ေခါ်‌ေတာ့တခါတ‌ေလအရမ်းညဉ့်နက်သွားပီးတခါတလေကျမနက်အစောကြီး‌ေခါ်တော့အိပ်ရေးမဝလို့ပါ"

ထိုအခါစေရာ့ရဲ့စိုးရိမ်နေစိတ်တွေကကြက်ပျောက်ငှက်ပျောက်ဖြစ်ကာပျိုးအားပိုကိုပိုလွန်းတယ်ဆိုတဲ့အကြည့်ဖြင့်ကြည့်ကာ...

"မင်းတို့ကတအားပိုလွန်းတယ်..ပြန်လာရင်ပဲလက်ထပ်ရတော့မှာကို"

စေရာ့စကားကြောင့်ပျိုးကစေရာ့အားမျက်စောင်းထိုးကာ...

"ဟွန့်..မင်းကဝေးနေရတဲ့ခံစားချက်ကိုသိမှမသိတာ..မင်းချစ်သူကိုမင်းအနားခေါ်ထားပြီးတော့.."

"ဒါကတော့ချစ်တာကို.."

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ပျိုးဆိုင်သိမ်းပြီးအိမ်ပြန်ရောက်တော့ရေမိုးချိုးကာဝဠာဖုန်းခေါ်မည့်အချိန်ကိုစောင့်နေလိုက်သည်။အိပ်ရေးပျက်တဲ့ရက်တွေဆက်နေတာကြောင့်ဖုန်းလာမည့်အချိန်ကိုစောင့်ရင်းအိပ်ပျော်သွားလေသည်။မနက်ခင်းနှိုးစက်သံကြားကာမှကမန်းကတမ်းဖုန်းကိုကြည့်ရသည်။ Miss Callမဝင်ထားတော့မှသက်ပြင်းချကာဆိုင်သွားဖို့ပြင်ဆင်ရတော့သည်။

တစ်နေကုန်အလုပ်ထဲစိတ်နှစ်ထားကာအချိန်မြန်မြန်ကုန်ဆုံးစေရင်းဒီညလည်းဝဠာ့ဆီကဖုန်းကိုမျှော်နေမိပြန်သည်။ပျိုးသာစောင့်နေရင်းအိပ်ပျော်သွားသည်ဖုန်းအဝင်callမရှိခဲ့။miss callမဝင်ထားတဲ့ဖုန်းကိုကြည့်ရင်းပျိုးစိတ်ပူလာရသည်။ပုံမှန်ဆိုအနည်းဆုံးတနေ့နှစ်ခါစာမေးပွဲဖြေမဲ့နေ့တွေမှာတောင်မဆက်ဖို့ပြောတဲ့ကြားကတစ်ခါလောက်တော့ရအောင်ဆက်သည်။ဝဠာစာမေးပွဲများမဖြေနိုင်လို့လား?...မဟုတ်လောက်ပါဘူး..ဝဠာကဒီလောက်ဉာဏ်ကောင်းတာ။ဒီနောက်ဆုံးနှစ်မှာဝဠာကစာထက်သူ့အပေါ်ကိုပိုပြီးစိတ်ရောက်နေသလိုခံစားရလို့စိတ်ပူမိသည်။ဆိုင်မှာလည်းအတွေးပေါင်းများစွာဖြင့်ရှုပ်ယှက်ခက်နေကာအချိန်တောင်ဘယ်လိုကုန်သွားမှန်းမသိ။

မောင့်ရဲ့ပျိုးWhere stories live. Discover now