မောင့်ရဲ့ပျိုး(12)

1.6K 46 3
                                    

လေတဖြူးဖြူးတိုက်ခတ်နေတဲ့လမ်းမထက်တွင်မောင်းနှင်နေတဲ့ဆိုင်ကယ်လေးသည်ဦးတည်ရာမရှိသေးဘဲမောင်းနှင်လျက်....ခါးတွင်မြဲမြံစွာဖက်တွယ်ထားသောလက်တစ်စုကြောင့်ဝဠာမျက်နှာထက်တွင်ကျေနပ်မှုတို့ကအပြည့်.......ဒါပေမဲ့ဝဠာကထိုမျှတင်မတင်းတိမ်နိုင်သေး........

"ပျိုး...မောင့်ကိုဒီ့ထက်တင်းတင်းလေးဖက်ထားစမ်းပါ....."

"တစ်ခါထဲအသက်ပါထွက်သွားအောင်ဖက်ရမှာလား?!.. ဒီလောက်ဖက်‌ေပးထားတာတောင်အထွန့်ကတက်သေးတယ်!!..ဒီတိုင်းပဲလျှောက်မောင်းနေတော့မှာလားတစ်နေရာသွားလေ..."

"မောင့်ရဲ့ပျိုးကဘယ်နေရာသွားချင်လဲ"

"မောင်သွားချင်တဲ့နေရာကိုသွားပါ...ဟိုနေ့ကပျိုးမောင့်ကိုပြောတဲ့အတိုင်းပဲဒီနေ့တော့မောင့်သဘောအတိုင်းပဲမောင်သွားတဲ့နောက်...ကိုယ်လိုက်ခဲ့မယ်"

"အဲ့တာဆိုမောင်တို့Hotelသွားကြမယ်လေ!.."

ဖြန်း!!!!

ဆိုင်ကယ်မောင်းနေသူရဲ့နောက်ကျောကိုဖြန်းခနဲမြည်အောင်ရိုက်ပစ်လိုက်သည်။အဲ့ပါးစပ်ကပြောင်‌ေချာ်ချော်စကားတွေအရမ်းထွက်.....

"ဝဠာထွဋ်ခေါင်!!!..မင်းအသက်အခုမှ၁၉နော်...ခေါင်းထဲနှာဘူးအတွေးပဲဝင်မနေနဲ့!!..."

"မဟုတ်ပါဘူး...မောင်ကအဲ့မှာDinner Dateလေးလုပ်ရင်ကောင်းမလားလို့ပြောတာပါ!.."

"တော်!..အခုမှမနက်၁၁နာရီပဲရှိသေးတာကို၊တော်ပါပြီမောင်သွားချင်တဲ့နေရာဆိုဒီနေ့စဉ်းစားရမှာကိုမဟုတ်ဘူး.....ဟိုတစ်ခါသွားခဲ့တဲ့ကစားကွင်းကိုပဲမောင်းတော့....အဲ့မှာDateကြမယ်"

"မောင့်ရဲ့ပျိုးသဘောဗျာ.."

နေ့လည်၁နာရီခွဲ>>>

"ပျိုး...မောင်ဗိုက်ဆာနေပြီလို့!!.."

"ခဏလေးပါမောင်ရယ်..ဒီတစ်ခါရှုံးရင်သွားစားကြမယ်"

ဘေးကနေရပ်စောင့်နေတဲ့ဝဠာပံုစံကမျက်လံုး‌ေတွကမီးတွေတောက်နေပြီးနှာခေါင်းထဲကပါအငွေ့တွေထွက်နေကာ‌‌ေဒါသထွက်နေတဲ့နဂါးနှင့်တူနေသည်။ စရောက်ပါပြီဆိုကတည်းက 'ခဏလေးပါမောင်ရယ်ဒီတစ်ခါပြီးရင်တော်ပြီ' ဆိုပြီး ဆော့လိုက်တဲ့ကစားနည်းပေါင်းစုံ။ ကိုယ်ကသူနဲ့လာDateတာလား ၊ကလေးကိုစားကွင်းလိုက်ပို့ရတာလားမသဲကွဲပေ.....

မောင့်ရဲ့ပျိုးWhere stories live. Discover now