မောင့်ရဲ့ပျိုး (5)

1.1K 41 8
                                    

"ဒယ်ဒီ!!!..ကျွန်တော်မလုပ်နိုင်ဘူးနော်!!."

"မရဘူး..!မိုးဝဿန်ငါအားလုံးပြောထားပြီးပြီ...မင်းမှာဘာအလုပ်ရှိလို့တုန်းတစ်နေ့တစ်နေ့ လည်ယာပြန်စားရေးလုပ်ပြီးအချိန်ကုန်နေတာ!..ရန်ပွဲဟေ့ဆိုလဲမင်းကထိပ်ဆုံးက အခုလည်းမင်းကိုလုပ်နိုင်လားမလုပ်နိုင်ဘူးလားဆိုပြီး‌ေရွးချယ်ခိုင်းနေတာမဟုတ်ဘူးမင်းလုပ်ကိုလုပ်ရမယ်ဆိုတာအသိပေးတာ!!.."

"ဒါဆိုလည်းဒယ်ဒီ့ကုမ္ပဏီမှာဘဲလုပ်မယ်!"

"မရဘူး!!..ငါ့ဆီမှာဆိုမင်းအချောင်ခိုမှာသိတယ်..မင်းလျှာမရှည်နဲ့မိုးဝဿန်ငါပြောတဲ့နေရာမှာအလုပ်မလုပ်ဘူးဆိုရင်မင်းရဲ့cardတွေအကုန်ငါပိတ်ပစ်မယ်!!ပြီးတော့ဒီမှာတွေ့လား......"

ဘယ်အချိန်ကဘယ်လိုဒယ်ဒီ့လက်ထဲရောက်သွားမှန်းမသိတဲ့ဝဿန့်ရဲ့ကားသော့လေးကိုလက်မှာဝှေ့ယမ်းပြနေသည်။

"ဒီကားကိုပါသိမ်းမှာ..!!"

"ဒယ်ဒီ့!!!!"

ဒယ်ဒီကတော့တချက်လွှတ်အမိန့်ချပြီးတာနဲ့နောက်လှည့်မကြည့်ဘဲထွက်သွားပြီဖြစ်သည်။ဝဿန်စိတ်ရှုပ်စွာဆံပင်အားထိုးဖွလိုက်သည်။ဒယ်ဒီသည်အပြောနှင့်အလုပ်ညီသူဖြစ်တာကြောင့်ဝဿန့်မှာဒယ်ဒီ့စကားနားထောင်ဖို့သာရှိတော့သည်။မဟုတ်ရင်သူ့‌ေဘ‌ဘီလေးတွေနဲ့ခွဲရတော့မှာ။အတွင်းရေးမှူး‌ေနရာလောက်ဆိုလည်းမဆိုးပါဘူးဟုစိတ်ထဲမှတွေးရင်း...
...
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

Star Lightဆိုပြီးရွှေရောင်စာသားများနဲ့ထွင်းထုထားသောကုမ္ပဏီရှေ့သို့ခြေချလိုက်သည်။လျှောက်လမ်းအတိုင်းဝင်လာရင်းဧည့်ကြိုကောင်တာမှကောင်မလေးအားမေးကာဒယ်ဒီပြောနေတဲ့အရမ်းကိုထူးချွန်ထက်မြက်လှပါချည်ရဲ့ဆိုတဲ့CEOထံသို့ခြေလှမ်းများကိုအလုပ်ပေးလိုက်သည်။လမ်းတစ်လျှောက်တွင်သူ့အားသမင်လည်ပြန်ကြည့်နေကြသောကောင်မလေးတွေ၏အကြည့်များအားလျစ်လျူရှုကာ...

'ဟူး...ရုပ်ချောရတာလဲမလွယ်ပါလားနော်..'

ဝဿန်စိတ်ညစ်သလိုလေးညည်းညူရင်းလျှောက်လာရာ(CEO Min Sayyar)ဟုချိတ်ဆွဲထားသောတံခါးရှေ့ရပ်ခါအခန်းတံခါးအားခေါက်လိုက်သည်။ဝင်ခွင့်ပြုသံကြားရသည်နှင့်သူအထဲသို့ဝင်သွားလိုက်သည်။စေရာစာရင်းများကိုပြန်စစ်နေတုန်းမျက်စိရှေ့ရောက်လာသောခြေထောက်တစုံအားတွေ့လိုက်ရသည်။ဒယ်ဒီ့မိတ်ဆွေရဲ့သားတယောက်လာဖို့ရှိတာထိုမှသတိရသွား‌ေတာ့သည်။။စေရာထိုလူ၏မျက်နှာအားမော့ကြည့်မိတဲ့အခါ.....

မောင့်ရဲ့ပျိုးOù les histoires vivent. Découvrez maintenant