မောင့်ရဲ့ပျိုး (7)

1K 42 4
                                    

ဒီနေ့ဟာတစ်ပတ်လုံးမှာရှားရှားပါးပါးပျိုးရဲ့ပိတ်ရက်ဖြစ်တာကြောင့်အနားယူရန်ဆုံးဖြတ်လိုက်သည်။ခေါင်းအုံးပေါ်ခေါင်းချရုံရှိသေး၊တဂွမ်ဂွမ်မြည်လာတဲ့ဖုန်းသံကြောင့်စိတ်ညစ်သွားရသည်။
မင်းစေရာသာဆိုရင်အပီအပြင်ကောပစ်လိုက်မယ်ဆိုပြီးဖုန်းနံပါတ်ကြည့်လိုက်တော့မသိတဲ့နံပါတ်တစ်ခု။

"ဟယ်လို"

"ပျိုးလား...ကျွန်တော်ပါ"

"ပျိုး..ဖုန်းကိုဆက်နေပြီးတော့ပျိုးလားမေးနေတော့ဘယ်လိုပြောရမလဲ။ပြီးတော့ကျွန်တော်?...ကျွန်တော်ဆိုတာကဘယ်သူလဲ..."

ပျိုးရဲ့အနားယူချိန်ကိုလာရှုပ်နေတဲ့လူကြောင့်စိတ်အချဉ်ဖောက်ဖောက်နဲ့အကန်တေကြီးသာပြောပစ်လိုက်သည်။ထိုအခါတစ်ဖက်ကခပ်ဟဟရီသံကြားလိုက်ရသည်။

"အဟင်း!..ကျွန်တော်ပါ..ဝဠာထွဋ်ခေါင်"

"ဪ.... ဟမ်!!!.."

ဝဠာကပျိုးဆီဖုန်းဆက်လာမယ်မထင်ထားတာ‌ေကြာင့်ပျိုးပုံမှန်အသံနှင့်ပြောလိုက်မိတာ။သူရိပ်မိသွားလောက်ပြီလား?..

"ဟယ်လို...ပျိုး..နားထောင်နေသေးလား.."

ပျိုးဖုန်းကိုကိုင်ထားပြီးတွေးနေတာအချိန်ဘယ်လောက်ကြာသွားလဲမသိ...တဖက်ကနဲနဲအော်ပြောလိုက်မှအသိပြန်ဝင်ကာ....

"ဟင်!...အင်း..ကိုင်ထားတယ်ဒါနဲ့မင်းငါ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ..."

"အဟမ်း...ဒီလိုပါပဲ..ကျွန်တော်ကအကြားမြင်ရတယ်လေ...ထားပါကျွန်တော်အခုပျိုးအိမ်ရှေ့နားရောက်နေတယ်..ကျွန်တော်နဲ့တစ်နေရာလိုက်ခဲ့ပေး"

"ဘယ်...ဘယ်ကိုလဲ!"

"ရောက်ရင်သိရမှာပေါ့...ကျွန်တော်အိမ်ထဲလာခေါ်ရမလား.."

"မလာနဲ့!!!!!.."

ပျိုးအလန့်တကြားအော်ကာပြောလိုက်မိသည်။အိမ်ထဲမှာ‌ေမ‌ေမရှိ‌ေနတာမို့ဝင်လာလို့မဖြစ်။မဟုတ်ရင်အလိမ်တေပေါ်ကုန်မည်မဟုတ်လား?...

"အင်းပါ....ဝင်မလာစေချင်လဲမဝင်ပါဘူး ..ဟွန့်..!သူ့အိမ်လည်ခေါ်ဖို့တောင်ကပ်စီးကုပ်လွန်းတယ်"

မောင့်ရဲ့ပျိုးWhere stories live. Discover now