မောင့်ရဲ့ပျိုး (1)

3.8K 90 3
                                    

"ဝဠာထွဋ်ခေါင်!!!!"

ခေါ်သံနှင့်အတူဧည့်ခန်းထဲမှမီးများအားလုံးထိန်လင်းသွားတော့သည်။ဆိုဖာပေါ်တွင်ဒေါသရိပ်​ပြေးနေတဲ့မျက်နှာနှင့်ဒယ်ဒီ။ထိုနည်းတူဒယ်ဒီ့ဘေးမှာဘာတစ်ခွန်းမှဝင်မပြောဘဲဒယ်ဒီ့ကိုတလှည့်သူ့ကိုတလှည့်စိုးရိမ်စွာကြည့်နေတဲ့မာမီ့ကိုတွေ့လိုက်ရသည်။

*WTFဒယ်ဒီတို့ကအခုချိန်ထိမအိပ်ကြသေးဘူးလား*

"ဒယ်ဒီ!!"

"ဝဠာထွဋ်ခေါင် !!အခုဘယ်အချိန်ရှိနေပြီလဲ!!.."

"ကျွန်တော့်မှာနာရီမှမရှိတာ၊ဒယ်ဒီကRolexကြီးပတ်ထားပြီးပြန်မေးနေသေးတယ်~"

"ငါတယ်!.ဒီခွေး........!!!"

ဦးရဲထွဋ်ခေါင်ပြောမယ့်စကားများကိုအချိန်မှီဘရိတ်အုပ်လိုက်သည်။အခန့်မသင့်ရင်သူလည်းထိုသတ္တဝါအမျိုးထဲပါသွားနိုင်သည်မဟုတ်လား......

"မင်းပြန်လာတာဘယ်အချိန်ရှိပြီလဲလို့မေးနေတာကွ!!"

"အော်~၂နာရီပဲရှိသေးတယ် စောပါသေးတယ်ဒယ်ဒီရဲ့..."

"ဘာ!!! ဒီကောင်တော့မနက်၂နာရီကစောနေသေးရင်မိုးလင်းမှပြန်ခဲ့ပါတော့လား!!..."

"ဟုတ်~~ဒယ်ဒီအဲ့တာဆိုလည်းမိုးလင်းမှပဲပြန်လာခဲ့ပါတော့မယ်"

"ဝဠာထွဋ်ခေါင်.. မင်း !!!"

ဘာကိုမှဂရုမစိုက်သလိုပျက်ချော်ချော်လုပ်နေသည့်သားဖြစ်သူကိုကြည့်ရင်းဦးရဲထွဋ်ခေါင်သွေးတိုးရောဂါမရှိပါဘဲသွေးတက်ချင်လာသည်။

"တော်ပါတော့ ...ယောက်ကျားရယ်စိတ်ကိုထိန်းမှပေါ့~~"

"စိတ်ထိန်းရအောင်မင်းသားပြောပုံတွေလည်းကြည့်အုံး!!..ဒီပုံအတိုင်းသာဆိုငါအသက်တိုမယ်!"

"ဝဠာ...သားဒီနားမှာလာထိုင်ပါအုံး"

မိခင်ဖြစ်သူကလေပြေအေးလေးနှင့်ချော့ခေါ်​ေနတော့ဝဠာမတက်သာဘဲဒယ်ဒီနှင့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

"ဝဠာ!!.မင်းကိုငါပြောပေါင်းလည်းများနေပြီဒီလိုအပျော်အပါးမက်မှုတွေကြောင့်ဖြေရှင်းလိုက်ရတဲ့ပြဿနာတွေ... ဆယ်တန်းကျတာလဲသုံးနှစ်ရှိပြီကျောင်းပြန်တက်ဖို့ကိုမစဉ်းစားဘဲဆက်တိုက်ဒီလိုဘဲဆက်လုပ်နေရင် မင်းကိုဂတုံး..တုံးပြီးရာသက်ပန်ဘုန်းကြီးဝတ်ခိုင်းမယ်!"

မောင့်ရဲ့ပျိုးWhere stories live. Discover now