မောင့်ရဲ့ပျိုး (3)

1.4K 51 3
                                    

ဒုန်း!!..

ဂျောက်!!.

ပျိုးပြန့်ကျဲသွားတဲ့အမှိုက်တွေကိုပြန်ကောက်ထည့်ရင်းစပ်စုတက်တဲ့မျက်လုံးနဲ့ရှပ်ပြာလွန်းတဲ့ကိုယ့်ခြေထောက်ကိုယ်သာကျိန်ဆဲ‌ေနမိတော့သည်။
ထိုစဉ်နောက်ပါးဆီမှတံခါးဖွင့်သံနှင့်အတူဩရှရှအသံတစ်ခုကြောင့်ပျိုးလှည့်ကြည့်မိသည်။

"ခင်ဗျား!.. ဘယ်သူလဲ!!..."

"ငါက.......မင်း!!!..အင်္ကျီလေးတော့ဝတ်ထားသင့်တယ်မလား!.."

ပျိုးရှင်းပြရန်နောက်လှည့်ကြည့်ချိန်ခါးတွင်သဘက်တစ်ထည်သာပတ်ထားပြီးရေချိုးခန်းဝမှာရပ်နေသူကြောင့်ပျိုးတဖက်သို့လှည့်ကာသတိပေးစကားဆိုလိုက်သည်။ပျိုးသည်ယောက်ကျား‌ေလးတစ်ယောက်ဖြစ်သော်ငြားအရှက်ကြီးသူမလို့တခြားယောက်ကျားလေးတယောက်ရဲ့ခန္ဓာကိုယ်အားကြည့်ရန်မရဲပေ။

ဒါ့အပြင်ထိုကောင်လေး၏ခန္ဓာကိုယ်မှာ၁၉နှစ်ဆိုတဲ့အရွယ်နှင့်မလိုက်အောင်ကြီးထွားလွန်းနေသည်။

"ကျုပ်..အိမ်ကျုပ်ဘယ်လိုနေ..နေပေါ့!!.. ဘာမှ‌ေကွ့ပတ်မနေဘဲကျုပ်မေးတာကိုပဲခင်ဗျား..ဖြေစမ်းပါ!!.."

ဝဠာတစ်ယောက်မနေ့ညကအပြတ်ကဲထားတဲ့အရှိန်ရော ဒယ်ဒီ့ရဲ့ဒီနေ့ဆရာမလာမှာမလို့လုံးဝအပြင်မထွက်ရဘူးဆိုတဲ့အမိန့်ကြောင့်တစ်နေကုန်အိပ်နေလိုက်တာညနေ၃နာရီမှနိုးတော့သည်။ဘာမှလည်းလုပ်စရာမရှိတာ‌ေကြာင့်ရေချိုးဖိုဆုံးဖြတ်လိုက်သည်။ဝဠာရေချိုးနေတုန်းအခန်းထဲမှ ဒုန်း..ဆိုတဲ့အသံကိုကြားလိုက်တာကြောင့်အနားမှာရှိတဲ့သဘက်တစ်ထည်ကိုအမြန်ပတ်ကာထွက်ကြည့်လိုက်သည်။ထိုအခါသေးသွယ်သောကျောပြင်နှင့်အမှိုက်များကိုပြန်လည်ကောက်ထည့်နေသူအားခပ်မာမာအသံဖြင့်မေးလိုက်သည်။

ဝဠာထိုသို့မေးလိုက်တော့တုန်တက်သွားတဲ့ကျောပြင်နှင့်အတူသူ့အားရှင်းပြရန်လှည့်လာသူသည်
ဝဠာ့၏အဝတ်မကပ်တဲ့ခန္ဓာကိုယ်ကြောင့်အရှက်သည်းသွားကာတဖက်သို့အမြန်လှည့်ပြီးတုန်တုန်ရီရီနှင့်ပြောလာသည်။ဝဠာစိတ်မရှည်စွာခုနကအသံထက်မာသောအသံဖြင့်အော်မေးလိုက်သည်။ထိုအခါပြန်ပြောလာတဲ့ထိုလူ့ပုံစံဟာကိုင်ပေါက်ချင်စရာကောင်းလှသည်။

မောင့်ရဲ့ပျိုးWhere stories live. Discover now