Part 9

940 37 0
                                    

( +အခန်းတွေပါတာမို့  အဆင်ပြေမှသာဖတ်ပေးကြပါ )

အခန်းလော့ချထားတာတောင် စိတ်မအေးနိုင်ပေ အိပ်ယာပေါ်တွင်သာ ဟိုလှည့်လိုက်ဒီလှည့်လိုက်ဖြင့်သာရှိနေသည် အိပ်ယာဘေးချထားသော နာရီဆီအကြည့်ပို့မိတော့ မနက်နှစ်နာရီပင်ထိုးတော့မည် ထိုစဥ်

ဂျက်..

တံခါးလော့ကိုလှည့်ဖွင့်နေသံကြားတာမို့ အိပ်ယာပေါ်မှကုန်းထကာထိုင်လိုက်သည် တံခါးနားသို့ပြေးကာ လော့ကိုပြန်လည်စုပ်ကိုင်မိလျှင် တဖက်ကပို၍ဆွဲလှည့်လာသည် ခနကြာ တဘုန်းဘုန်းနဲ့ထုလာတာမို့ လွန်းမှာ တုန်တုန်ရီရီဖြင့်မေးလိုက်သည်

" ဘယ်သူလဲ "

တဖက်ကမဖြေပဲ တံခါးကိုသာဖွင့်ရန်ကြိုးစားနေပြန်သည် ထိုစဥ်ခေါင်းထဲဝင်လာသည်က ဒီလောက်တံခါးကိုဆူညံအောင်ထုရိုက်နေတာတောင် တော်ဝင်ကဘာမှမလုပ်ဘူးလား အိပ်များပျော်နေတာလား အိပ်ပျော်နေတယ်ဆိုရင်လည်းဒီလောက်ဆိုနိုးမှာသေချာသည် ဒါမှမဟုတ်..အလန့်တကြားပွင့်ဟလာသောနူတ်ခမ်းတို့ကို လက်ဖြင့်ဖိအုပ်လိုက်မိသည်

"သေသွားပြီးလား "

ကုတင်ဆီတဖန်ပြေးသွားလိုက်ရင်း အိပ်ယာပေါ်ကဖုန်းကိုယူကာ တော်ဝင်ဆီဖုန်းဆက်ဖို့ပြင်မိတော့ လင်းလာသောဖုန်းScreen ပေါ်က

💬 အပြင်မှာအေးတယ် တံခါးဖွင့်ပေး 💬ဆိုသော messagesက အထင်သားနေရာယူလို့ထားသည် ဒါဆို တံခါးဖွင့်နေတာ တော်ဝင်ပေါ့ တံခါးဖက်ကိုမျက်စောင်းထိုးလိုက်မိသည် အမြဲတမ်းလူ့ကိုအလန့်တကြားဖြစ်အောင်လုပ်တက်တဲ့ကောင်

ဂျလန့်

တံခါးဖွင့်ပေးလိုက်သည်နှင့် လွန်းပေါ်ကျလာသော တော်ဝင်၏ နောက်ကျောပြင်အား ချက်ချင်းပင်တွန်းထုတ်လိုက်သည်

"ဘာလို့ တံခါးကိုမှီပြီးနေနေတာလည်း "

လွန်းတွန်းထုတ်လိုက်လို့ပုံပျက်သွားသောအင်္ကျီကိုသေချာပြင်ကာ

" ခင်ဗျာကကော ဘာလို့မဖွင့်တာလည်း "

" မင်းမှန်းမသိလို့လေ လုပ်ကြံသူဆိုဘယ်လိုလုပ်မလည်း "

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now