Part 14 [ Zaw ]

365 10 1
                                    

အလုပ်ကိစ္စတွေစနစ်ချနေတုန်း ဂျိတ်ဆီကဖုန်းဝင်လာသည် စုံစမ်းခိုင်းထားတဲ့ သတင်းအပါအဝင်ကျန်တဲ့သဲလွန်စတစ်ချို့ကိုပါသိထားတယ်တဲ့ လုပ်နေတဲ့ဖိုင်ကိုချကာ အမြန်ထွက်လာခဲ့သည် အိပ်ပျော်နေတဲ့လွန်းကိုလည်းနိုးပြီးပြောမနေတော့၊ နောက်ဆုံးပေါ်ကားပေါ်တက်ပြီး ဂျိတ်ပြောတဲ့မြို့စွန်းဖျားသို့မောင်းလာခဲ့သည် ဂျိတ်ကကားအနက်ရောင်ဘေးတွင်ရပ်ရင်း တနေရာရာကိုစူးစမ်းရှာဖွေနေသလို သူ့ကားကိုတွေ့တော့ပြေးလာခဲ့သည် ကားတံခါးဖွင့်ရင်းဆင်းကာ ဘယ်မာလည်းသဲလွန်စဆိုတဲ့သဘောဖြင့် ဂျိတ်ကိုမေးငေါ့ပြသည်

" ကားကအဲထဲဝင်သွားတာ ဘောစ့် "

ဂျိတ်ထိုးပြသောနေရာကို ကြည့်တော့ ဂိုထောင်တစ်ခု၊ ထိုဂိုထောင်ရဲ့အနောက်ဘက်မှာတော့ များပြားလှတဲ့သစ်ပင်တွေကသစ်တောပုံစံမျိုးရှိနေသည်

"ကျွန်တော်စောင့်နေတာကြာပြီး ခုထိထွက်မလာသေးဘူး

ကျွန်တော် ဝင်သွားကြည့်မယ် "

ဂျိတ်ကပြောရင်း ထိုဂိုထောင်နားသွားဖို့လုပ်သည်

"နေ ဂျိတ် သူတို့မရှိလောက်တော့ဘူး "

ဂျိတ်ကနောက်သို့ပြန်လှည့်ကာ သူ့အားနားမလည်သလိုကြည့်၏

"မင်းဒီမှာတစ်ချိန်လုံးရပ်စောင့်နေမှတော့ သူတို့တခြားလမ်းကပြန်နေလောက်ပြီး"

"ဟမ်း လမ်းကဒီတလမ်းပဲရှိတာလေ "

ဂျိတ်ခေါင်းကိုကိုင်ကာ ဂိုထောင်ဘက်သို့လှည့်ပေးလိုက်သည် ထို့နောက် ထုအုပ်နေသောသစ်ပင်သစ်တောများဆီသို့လက်ထိုးပြရင်း

"သူတို့မှာ ခြေတလမ်းရှိသေးတယ် "

ထိုခါမွ ဂျိတ်က သဘောပေါက်သလိုဖြင့် ဆံပင်များကိုထိုးဖွကာ ညည်းညူလိုက်၏

"သက်သက်အချိန်ဖြုန်းလိုက်မိတာပဲ ကျွန်တော်တောင်းပန်ပါတယ်"

" နောက်တခါသတိနဲ့အလုပ်လုပ် တချက်သတိလွှတ်တာနဲ့ခံရမဲ့ကောင်ကကိုယ့်လူဖြစ်သွားနိုင်တယ်"

"ဟုတ် ဘောစ့် ကျွန်တော်သတိထားပါ့မယ်"

ခေါင်းညိမ့်ပြရင်းပြန်ထွက်မည်အလုပ် ဂျိတ်ကသူ့အားတစ်ခုခုကိုပြောချင်နေသောမျက်ဝန်းတို့ဖြင့်ကြည့်လာ၏ သူလည်းခြေလမ်းတွေကိုတိကခနဲရပ်ကာ

My Ex-boyfriend  My husband [ Ongoing ] Dove le storie prendono vita. Scoprilo ora