Part 10

887 36 0
                                    

မနက်နိုးလာတော့လည်းဘေးတဖက်တွင်နေရာလွှတ်သာရှိနေသည် တော်ဝင် ဟက်ခနဲရယ်လိုက်သည် လုပ်ပြီးတဲ့ချိန်တိုင်းပျောက်ပျောက်သွားတက်တာပဲ သူလည်းကိုယ်လက်သန့်စင်ပြီးလွန်းအိမ်မှထွက်ခဲ့ကာ အိမ်ကိုအရင်ပြန်အဝတ်စားလဲပြီးကုမဏ္ဏီသို့ထွက်လာလိုက်သည် မနေ့ကစုံစမ်းခိုင်းထားသောကိစ္စကခေါင်းထဲတိုးဝင်လို့လာတော့ ကားမောင်းနေရင်းနဲ့မှ ခပ်ထူးထူးမျက်ခုံးတို့က တွန့်ချိုးသွားသည် အိတ်ကပ်ထဲကဖုန်းကိုဖွင့်ကြည့်တော့ ဂျိတ်ဆီကmiss callတွေတွေ့ရသည် မနက်ကအိပ်နေတုန်းခေါ်ခဲ့တာဖြစ်မည် ပြန်ခေါ်ဖို့အစီစဥ်မရှိတာမို့ အရှေ့ကမြင်နေရတဲ့လမ်းဆီသာအကြည့်ပို့လိုက်သည် ကုမဏ္ဏရောက်သည်နှင့်အဆင်သင့်ကြိုစောင့်နေကျသော အရပ်မောင်းမြင့်မြင့်ဗလတောင့်တောင့်နဲ့သူကကားတံခါးဖွင့်ပေးလာသည်

"ဘော့စ် ဧည်သည့်ရောက်နေတယ်"

"ဧည့်သည် "

တပည့်လုပ်သူစကားကိုသံယောင်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်

"ချိန်းထားတာရှိလို့လား "

" ဘောစ့်အချိန်ဇယားထဲမှာတော့ ဒီနေ့ချိန်းထားတာမရှိဘူးဗျ "

"ကျစ်! စည်းကမ်းမရှိလိုက်တာ အဲ့လူကိုပြန်လွှတ်လိုက် "

"ဟုတ်ကဲ့ ဘော့စ် "

အလုပ်မှာပဲဖြစ်ဖြစ်ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်စည်းကမ်းရှိရှိစနစ်တကျလုပ်တက်သော တော်ဝင်က ခုလိုချိန်းဆိုမူတွေကိုလည်း အားနာခြင်းမရှိငြင်းလွှတ်တက်သေးသည်
မနက်စောစောစီးစီးမှာတောင်စိတ်ကကြည်မနေတော့ချေ ဘုဆောင့်ဆောင့်ဖြင့်ကုမဏ္ဏထဲဝင်လာတော့ အထဲကဝန်ထမ်းတွေကလည်း တုန်ယင်သောအသံဖြင့်ကြိုဆိုကြသည် အရင်နေ့တွေကလိုခေါင်းတောင်မညိမ့်ပြပဲတန်းဝင်သွားသောတော်ဝင်ကြောင့် အားလုံးကလည်းကြောင်အမ်းအမ်းလေးဖြင့်သာ ဧည်သည့်နားခန်းကိုကျော်က ကိုယ်ပိုင်ခန်းဆီဖြတ်သွားတော့ နားထဲရယ်သံသဲ့သဲ့ကိုကြားလျှင် ကျော်တက်သွားသောခြေလမ်းကိုအနောက်သို့အနည်းငယ်ပြန်ဆုတ်ကာ ဧည်သည်နားခန်းသို့ချောင်းကြည့်လိုက်တော့ စူးရှသည့်မျက်ဝန်းတို့ကဝိုင်းဆက်သွားသည် အခန်းကိုမှန်အကြည်နဲ့ကာထားသည်မို့ အတွင်းကလူရဲ့ကျောပြင်ကိုလှမ်းတွေ့နေရသည် တစ်ကြိမ်နှစ်ကြိမ်မက ထိုကျောပြင်ကိုသိုင်းဖက်ရင်းတဏာခရီးဆက်ခဲ့ဖူးတာမို့ မည်သူလည်းဆိုတာတန်းသိနေတော့ နူတ်ခမ်းတို့ကအပေါ်ဘက်သို့ကွေးညွှန့်သွားသည် တပြိုင်နက်ထဲ မျက်ခုံးတို့က တွန့်ချိုးသွားပြန်သည် ဂျိတ်ရဲ့ပခုံးကိုပုတ်လိုက်စကားပြောလိုက် ဘာကိုသဘောကျလို့ကျမှန်းမသိ နူတ်ခမ်းတို့ကိုလက်ဖြင့်အုပ်ကာရယ်နေသေးသည် လုံးဝစိတ်အခြေနေမကောင်းတော့တာမို့ တံခါးကိုဆွဲတွန်းကာ ခြေလမ်းကျဲတို့ဖြင့်လျှောက်ဝင်လာသည် တော်ဝင်ကိုတွေ့တော့ ဂျိတ်ကနေရာမှကုန်းထကာမတ်တပ်ရပ်လိုက်သည်

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now