Part 4 [ Zaw ]

315 17 1
                                    

တော်ဝင်မင်းမောင် ဆိုသောလူသည် သူ၏ဘဝကိုအတော်စိုးမိုးနေချင်တဲ့ပုံပါပဲ ခုလည်းကြည့်လေ အလုပ်ရှင်ဆိုသောခေါင်းစဉ်နှင့်ပါတီအတူတက်ပေးဖို့ပြောလာပြန်သည် တကယ်ဆို Soul Barကိစ္စတွေမှသာ သူနဲ့ဆိုင်တာမဟုတ်သည်လား ကုမဏ္ဏီရင်းနှီးမြုပ်နှံခြင်းအောင်မြင်တာက သူနှင့်လားလားကိုမသက်ဆိုင် သက်ဆိုင်ရအောင်လည်း သူကဝန်ထမ်းမဟုတ်ချေပဲ စုတ်သတ်ကာ သက်ပြင်းချလိုက်မိသည် မနေ့ထဲကBarလာပြီးပေးသွားခဲ့သော အနောက်တိုင်းဝတ်စုံကိုဝတ်လိုက်ရင်း ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်လိုက်သည် လုံးဝကွဲပြားသွားသောလွန်း၏ပုံရိပ်က ပို၍ပင်ကြည့်လို့ကောင်းနေသည်မှာအမှန် အိပ်ယာဘေးရှိအံဆွဲကာဖွင့်ကာ အထဲကနာရီကိုလက်တွင်ပတ်လိုက်သည် နောက်ဆုံးကြိမ်မှန်ကိုကြည့်ပြီး အခန်းထဲကထွက်လာသည်

"မှောင်နေပြီးပဲ ပါတီကမနက်ဘက်လုပ်လို့ရတာကို ငွေရှိတဲ့သူတွေကအတော်ကြီးကြီးကျယ်ကျယ်နိုင်တယ် "

ပွစိပွစိပြောကာ ဖွားမေရှိသော မီးဖိုဆောင်ဘက်သို့ဝင်လာလိုက်သည်

"လွန်းလေး ဗိုက်ဆာနေပြီးလား"

ဖွားမေက ဟင်းအိုးကိုမွှေလှော်နေရင်းပြောလာသည် လွန်းလည်း ဖွားမေနားသို့သွားကာ ပခုံးပေါ်မေးတင်ရင်းကပ်ချွဲမိသည်

"သား ဒီညအပြင်မှာစားဖြစ်မယ်တူတယ် ဖွားမေ"

"ဟော ဘာလို့လည်း "

နောက်ကျောပေးထားရမှာ လွန်းဘက်သို့လှည့်လိုက်သည် ထိုမှ လွန်း၏အပြက်အဆင်ကိုကြည့်ကာ ဖွားမေမှာတအံတသြ

"သေချာဝတ်လို့ပါလား ဘယ်သွားမလို့လည်း လွန်း"

"အလုပ်ပါတီပါ ဖွားမေ "

" ပါတီဆိုတော့ ညဉ်းနက်မှာပေါ့ "

"ဒါပေါ့ စိတ်ချပါ သားကြာကြာမနေပါဘူး အဲ့လိုနေရာတွေမကြိုက်တာ ဖွားမေသိသားပဲကို"

"ဟုတ်ပါပြီး အရက်တွေဘာတွေသောက်မလာခဲ့နဲ့နော် "

အရက်ကြိုက်သောမြေးကို အရက်မသောက်ခဲ့ဖို့မှာနေသော ဖွားမေအား မျက်နှာလေးရူတ်ပြလိုက်သည် ထိုစဉ် phone Chatတွင်ပေါ်လာသော စာကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်

My Ex-boyfriend  My husband [ Ongoing ] Dove le storie prendono vita. Scoprilo ora