Part 12 [ Zaw ]

259 12 0
                                    

အမည်းရောင်ကားတန်းများက အိမ်တော်တစ်ခုတွင်းသို့စုပုံကာဝင်လာကြသည် ထိုအိမ်တော်ကဥိးမာန်သစ်၏နေအိမ်ပင် အမည်းရောင်ကားများရပ်သွားတော့ ခြေတံရှည်ရှည်ဖြင့်လူကဆင်းလာ၏ မျက်နှာမှာလည်းအလိုမကျသည့်ပုံ နူတ်ခမ်းတို့တင်းတင်းစေ့ထားသော်လည်း မျက်ဝန်းတို့ကလွမ်းရိပ်သမ်းနေသည်မှာအသိသာပင် ထိုလူမှာ ဦးခန့်ထည်ဝါ

"ထည်ဝါ လာကွာ "

ဦးမာန်သစ်က အပြုံးတို့ဖြင့်စီးကြိုလာ၏ ဦးမာန်သစ်နောက်မှာလည်း အမည်းရောင်Suitဝတ်ထားသောသူတွေကရပ်၍နေသည်

" ကျုပ်အချိန်သိပ်မရဘူး လိုရင်းပဲပြောပြီးပြန်မယ်"

" ဟုတ်ပါပြီးဗျာ မင်းကတော့ မင်းအကိုတိုင်းပဲ"

ထိုစကားကြောင့်ဦးခန့်ထည်ဝါ၏အကြည့်စူးစူးကိုရလိုက်၏ တကယ်တော့ ဦးမာန်သစ်က ဦးခန့်ထည်ဝါ၏အစ်ကိုသူငယ်ချင်းပေ အစ်ကိုဖြစ်သူကဒီလောကထဲကထွက်သွားတာနှစ်အတော်ကြာခဲ့ပြီးဖြစ်သည် အစ်ကိုအစား ဦးခန့်ထည်ဝါကသာထိုလုပ်ငန်းများကိုဦးစီးလို့နေရသည် ဦးခန့်ထည်ဝါက ဦးမာန်သစ်နှစ်ပေါင်းပြီး တရားမဝင်အလုပ်များစွာကိုလုပ်ဆောင်နေသူတစ်ဦးပင် လူဆိုးတစ်ယောက်မဖြစ်ပေမဲ့ လူကောင်းတစ်ယောက်လည်းဟုတ်မနေပြန်ချေ တဖက်ကလူရှေ့ချပြနိုင်သောလုပ်ငန်းများကိုပိုမိုကျဲ့ထွင်နေသလို တဖက်ကလည်းမှောင်ခိုအလုပ်တွေအားသိုသိုသိပ်သိပ်လုပ်ဆောင်နေခဲ့၏

" ဦးမာန်သစ် ကျုပ်တောင်းဆိုစရာရှိတယ်"

"ထည်ဝါလိုလူက ဘာများလိုအပ်နေလို့လည်း "

" တော်ဝင်မင်းမောင် ခုလက်ထပ်ထားတဲ့လူနဲ့ကွာရှင်းခိုင်းဖို့

" ဘာ! လက်ထပ်ထားတဲ့လူ "

ဦးမာန်သစ်ကမသိသောအမူယာပြနေတာမို့ ဦးခန့်ထည်ဝါမျက်မှောင်ကြုတ်မိ၏ ကိုယ့်သားတစ်ယောက်လိုလင်ယူသွားတာမသိလောက်အောင်ဘာတွေများအလုပ်ရူပ်နေလို့လည်း တော်ဝင်မင်းမောင် ကကော ဖအေလုပ်သူကိုတစိုးမစိမျှတောင်အသိမပေးခဲ့တာလား

" ထည်ဝါ မင်းကိုဘယ်သူပြောလည်း တော်ဝင်လက်ထပ်သွားတယ်လို့

"တော်ဝင်မင်းမောင် ကိုယ်တိုင်ပြောတာ"

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now