Part 7

897 30 0
                                    

လွန်း ကို အိမ်ပြန်ပို့ပြီးမှ ပြန်လာခဲ့သည် အိတ်ကပ်ထဲကဆေးလိပ်တို့ကလည်း တလိပ်ပြီးတလိပ်ဖြင့်ကုန်လို့တောင်နေပြီးမို့ အနီးနားဆိုင်တွင် ဆေးလိပ်ဝင်ဝယ်ပြီးမှ ပြန်ရန်ဆုံးဖြတ်ကာ ဆိုင်သို့ဦးတည်လိုက်သည် အမှန်ဆို သူသာမန်စျေးပေါသော ဆေးလိပ်တွေကိုမသောက်တက်သူပါ သို့သော် ခုချိန်လိုအပ်နေသည်မို့သာ ဝယ်ဖို့လုပ်ရခြင်းပေ

" ကျွန်တော်ကို ဆေးလိပ်တစ်ဖာပေးပါ"

"ခနစောင့် ကောင်လေး "

ဆိုင်ရှင်ဦးလေးကို ခေါင်းညိမ့်ပြရင်း ဘောင်းဘီအိတ်ထဲရှိ ပိုက်ဆံအားနိုက်လိုက်သည် ထွက်လာသော ငွေတစ်ထောင်ကိုကြည့်ရင်းပြုံးလိုက်မိသည် တော်သေးလို့ ပေါ့ Black card သာ ကိုင်ဆောင်တက်သည်မို့ လက်ထဲတွင်ငွေသားကမရှိတက် ခုတောင်ကံသီလို့ရှိနေတာ

" ရော့ ကောင်လေး "

" ဘယ်လောက်လည်း "

" ရှစ်ရာ "

"အင့် ပိုတဲ့နှစ်ရာ မပေးနဲ့တော့ "

ငွေသားတစ်ထောင်ကို ဆိုင်ရှင်ဦးလေးအားပေးကာ ဆေးလိပ်ဖာကိုယူရင်းထွက်လာဖို့လုပ်လျှင်

" ကောင်လေး "

ဆိုင်ပြင်ရောက်ခံနီးမှ နောက်သို့ပြန်လှည့်ကြည့်ရင်း မေးငေါ့ပြသည်

"မင်းနဲ့ လွန်းစေရာနောင် က သူငယ်ချင်းတွေလား "

တော်ဝင် မျက်ခုံးနှစ်ဖက်ကိုကြုတ်လိုက်သည် သူနှင့်လွန်းစေရာ သိတာ ထိုလူဘယ်လိုသိနေတာပါလည်း

" အာ ခုနက မင်းနဲ့တူတူ ဆိုင်ရှေ့ကဖြတ်သွားတာတွေ့မိလို့"

"အင်း "

"အဲ့ကောင်လေးက ညဘက်ဘယ်သူနဲ့မှပြန်တာမတွေ့ဖူးဘူး မင်းကပထမဆုံးပဲ "

မင်းကပထမဆုံးပဲ ဆိုသော စကားကြောင့် တော်ဝင်မဲ့ကာပြုံးလိုက်သည် ကျွန်တော်ကလွန်းစေရာနောင်ရဲ့အမြဲပထမဆုံးအရာတွေကိုပဲယူချင်ခဲ့တာမို့လေ

" ဒါမဲ့...

"ဘာလဲ "

တော်ဝင်၏အသံက ဘုစောက်စောက်ထွက်လာသည် ဆိုင်ရှင်ကအနည်းငယ်ပျက်သွားသောမျက်နှာကိုထိန်းလိုက်ရင်း

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now