Part 15

678 26 9
                                    

ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသူအား မမှိတ်မသုံကြည့်မေမိ၏ မျက်တောင့်ထောင့်နားလေးတွင် ငိုထားခဲ့သောမျက်ရည်စက်တို့မှာပင်မခြောက်သေး၊ လက်မောင်းပေါ်ခေါင်းတင်ကာအိပ်နေတာမို့ တော်ဝင်လက်မောင်းတဖက်မှာကျင်တက်လို့နေပြီးဖြစ်သည် သို့သော်လည်း ထိုလက်လေးအားဆွဲထုတ်ဖို့တစိုးတစိမျှတောင်စိတ်မကူးမိချေ မျက်နှာဝိုင်းဝိုင်းလေးကိုကြည့်ကာ သက်ပြင်းအခါခါချနေမိသည် သူ၏ရည်ရွယ်ချက်ကဒီလူနာကျင်တာကိုမြင်ချင်တာ ခုတော့ဒီလူနာကျင်မှာကိုကြောက်နေမိသလိုမျိုး တစ်စုံတစ်ခုကိုစိုးရိမ်သလို ခံစားချက်တွေကအစဥ်အလွှာမကျစွာ ရူပ်ထွေးလို့နေ၏

ဝရံတာမှဝင်လာတဲ့လေအေးတွေကြောင့် အိပ်စက်နေတဲ့ကိုယ်လေးမှာသူ့အနားသို့ပိုတိုးလို့ဝင်လာသည် တော်ဝင်မျက်မှောင်ကုတ်မိ၏ လေကအေးနေတာပဲ ဒိိတိုင်းစင်အိပ်နေရင်အအေးမိကုန်တော့မယ် နောက်နေ့ဂျိတ်ကိုပြောပြီး ဝရံတာအကာလုပ်ခိုင်းရမယ်..

"အင့်....

ဆွဲငင်သံနှင့်အတူ လက်သေးသေးများကိုဆန့်ထုတ်ကာ အကြောဆန့်နေသော လွန်းအား သဘောကျစွာပြုံးရင်းကြည့်နေလိုက်၏
လွန်းကတောမျက်လုံးကိုလက်ဖြင့်ပွတ်ကာ သူ၏တည်နေရာကိုစူးစမ်းချင်နေသလို တော်ဝင်၏ရင်ဘက်ထွားထွားကြီးအား ထိကြည့်တော့

"ရဲရဲတင်းတင်းကိုင်လို့ရတယ် "

ဘုတ်!

"ဟားးဟား "

ရင်ဘက်အားလက်ဖြင့်ထုရိုက်တော့ တော်ဝင်ကရယ်၏

"မင်းခုတလောတအားရယ်လာတယ်နော်"

"အင်း..စိတ်ချမ်းသာလို့ဖြစ်မယ် "

ရင်ခွင်ထဲမှမော့ကြည့်တော့ တော်ဝင်ကပြန်လည်ငုတ်ကြည့်လာသည် မျက်နှာနှစ်ခုကြားအကွာအဝေးက တစ်ယောက်အသက်ရှူထုတ်လိုက်တဲ့လေငွေ့ကိုနောက်တယောက်ကခံစားနေမိတဲ့ထိ

" တော်ဝင်

"အင်း..

"ဖွားမေးသတင်းဘာကြားသေးလည်း "

တော်ဝင်မျက်နှာမှာသိသိသာသာပျက်သှဥ်းသွား၏ ပြီးမှ လွန်း၏ဆံပင်များကိုလက်ဖြင့်ဖွကာ ကျီစယ်ရင်း...

My Ex-boyfriend  My husband [ Ongoing ] Where stories live. Discover now