Special Episode ( 🚨🚨 )

9.8K 201 18
                                    

Uni
.
.

" ကလေးလေး... ကိုကို အောင်ကောင်းမြတ်ဆီခဏသွားမယ် ''

" ဟင် ဘားကိုလား ''

" အင်း ဝန်းရံခက ဖုန်းဆက်နေလို့ ''

" သူကလည်း ပြန်ရောက်တိုင်း သူများယောက်ျားကိုချည်း ခေါ်နေတာ။ တခြားလူမရှိဘူးလား ''

နှုတ်ခမ်းဆူနေသည့် ကလေးပါးလေးကို နာအောင် ဆွဲညှစ်လိုက်သည်။

" အား ကိုကို့ နာတယ်ဆို ''

" အူယားလို့ ချစ်စရာလေး မွမွ ''

ကိုးချစ် အသက်ပင် ၂၉ ရှိနေပြီ။ ကိုကိုက ကလေးလိုလုပ်နေတုန်းပင်။

" နောက်မကျဘူး။ စိတ်မကောက်နဲ့။ သမီးကို ကျောင်းကြိုပြီး သူ့အဖွားတွေဆီပို့ထားခဲ့မယ် ဟုတ်ပြီလား ''

ခန့်ချစ်သွေးနီလေးက ကျောင်းတက်နေပြီဖြစ်ပြီး နှစ်ဖက်အိမ်သည်းသည်းလှုပ်ခံရသည့် မြေးဦးမို့ ကျောင်းပိတ်ရက်တိုင်း သွားပို့ရသည်။ ကိုးချစ်က အိမ်မှာဆို သမီးကို သူ့ဘာသာထမင်းစားစေပြီး ကွဲရှမည့်အရာတွေကလွဲရင် ပန်းကန်ဆေးတတ်အောင်လည်း သင်ထားသည်။ ဤသည်ကို မေမေတို့ကမကြိုက်။ ကလေးကိုခိုင်းသည်ဟု ထင်ကာ ကိုးချစ်ကို အမြဲပြောကြသည်။

ကိုကိုထွက်သွားတော့ ကိုးချစ် ဒီဇိုင်းလက်စသတ်စရာလေးတွေ လုပ်နေလိုက်သည်။ ကိုးချစ်က freelance အနေနဲ့ ဒီဇိုင်းဆွဲသည်။ estimate တွက်သည်။ ဆိုက်ထဲကအကြောင်းအရာတွေကို အမြဲမပြတ်လေ့လာနေပေမယ့် ဝါသနာပါတာကို ပိုလုပ်ချင်သည်။ ဝန်ထမ်းအလုပ်ကနေထွက်ပြီး ကိုးချစ်ကျွမ်းကျင်တဲ့အပိုင်းကို freelance အနေနဲ့လုပ်ကိုင်ကာ autocad နဲ့ အခြားသင်တန်းလေးတွေပြန်ပေးသည်။ ဝင်ငွေမဆိုးလှပေမယ့် ကိုးချစ်လည်း တကယ်ပျော်လို့ လုပ်ဖြစ်တာဖြစ်သည်။
.
.
နောက်ပိုင်း အလုပ်တွေရှုပ်လာကြတော့ သူငယ်ချင်းတွေ လိုင်းပေါ်ကပဲ တွေ့ဖြစ်ကြသည်။ ခင်ခင်ခက US ထိရောက်သွားပြီဖြစ်ပြီး သူ့ပေါက်စကွေးကိုလည်း လက်ထပ်ခွင့်တောင်းထားပြီးဖြစ်သည်။ ရတနာကလည်း ကောင်းကောင်းအဆင်ပြေနေ၏။

ထူးဆန်းတာက ကောင်းဝန်းရံခပင်။ အရင်ကတော့ ကိုကိုနဲ့ နည်းနည်းလေးမှ မတည့်ပေမယ့် အခုကျ သူအလုပ်အားတာနဲ့ ကိုကောင်းကြီးဘားဆီလာဖို့ ကိုကို့ကို ဖုန်းဆက်ခေါ်တတ်သည်။ ကိုးချစ်ထက်ပင် ကိုကို့ကို ပိုခင်တွယ်နေသေး၏။
.
.

You've reached the end of published parts.

⏰ Last updated: Feb 16 ⏰

Add this story to your Library to get notified about new parts!

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now