အပိုင်း - ၂၀ ( Uni + Zawgyi)

8.1K 201 6
                                    

Uni
.
.

အိမ်ပြန်ရောက်ရောက်ချင်း မျက်နှာကြီးနီရဲပြီး အိမ်ပေါ်တက်သွားတဲ့သားကြောင့် ဒေါ်စိမ်းလဲ့ကြည် စိတ်ပူသွားသည်။

သား အခန်းရှိရာထိ တက်လာခဲ့ပြီး အခန်းတံခါးခေါက်လိုက်သည်။ မောင်နှမတွေ ရန်ဖြစ်လာပြန်ပြီထင်တယ်....

"သားရေ....ဒေါက်..ဒေါက်...သား...''

" ဗျာ မေမေ....''

" နေကောင်းလား.... ကိုးချစ်နဲ့ရန်ဖြစ်လာတာလား...''

" မဟုတ်ဘူးမေမေ....သား ခဏနားမလို့... ပြီးမှ ဆင်းခဲ့လိုက်မယ်...''

" ဪ....အေအေ....''

သားအသံကတော့ ပုံမှန်ပါပဲ စိတ်အပူလွန်တာနေမှာပါလေ....
.
.
.

မင်းခန့်ညား အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်သွားရင်း စဥ်းစားနေရသည်။ ကလေးကိုမှ ထူးထူးဆန်းဆန်းတွေ တွေးမိရတယ်လို့...

" ကိုယ်ထိန်းလာရတဲ့ကလေးပဲဟာ....ဖြစ်တတ်ပါတယ်...
ဒီလိုပဲ မှားပြီးတွေးမိသွားတာ...''

ပြောရင်း ကိုးချစ်ရဲ့ နှုတ်ခမ်းပါးလေးကို မြင်ယောင်ကာ လူက ရေငတ်သလို လည်ပင်းတွေပင် ခြောက်လာသည်.....

" ဟူးးးး.....''

မင်းခန့်ညား ခေါင်းကို ခါယမ်းလိုက်ကာ.... အတွေးတို့ကို နှင်ထုတ်ရတယ်...

"ရေချိုးမှပဲ...တစ်ကိုယ်လုံး ပူလောင်နေတာပဲ.....ဟူးးး...''

.
.
.

" ယောင်းမရေ....''

" နင့်အစ်ကိုက ဆရာဝန်ဆို..... ဟဲဟဲ....''

"အရပ်ကြီးကလည်း အရှည်ကြီးနော်...အသက်ဘယ်လောက်လဲ..''

....ကိုးချစ်နားပူနေရသည်မှာ အမှန်....
သစ်ရွက်လှုပ်တိုင်းရယ်ချင်ကြသည့် အရွယ်လေးတွေမို့ ကိုကိုခန့်လို သစ်ပင်ကြီးလာလှုပ်မှတော့ ခိုးခိုးခစ်ခစ်လုပ်ကြမှာ သဘာဝပင်....

" နောက်တစ်ခါမှ အိမ်လာလည်ကြဟယ်... ငါ့အစ်ကိုက မနေ့ကမှ ပြန်ရောက်တာ...''

...........

တစ်နေကုန် ကိုကိုခန့်အကြောင်းပဲ မေးကြတာမို့ ကိုးချစ် စိတ်သာညစ်တော့သည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now