အပိုင်း - ၄၇

7.1K 189 14
                                    

Uni

.
.
.
.

ဘာလိုလိုနဲ့ မင်းခန့်ညား နဲ့ ကိုးချစ်တို့ အိမ်ထောင်သက်ပင် ၁နှစ်ကျော်လာပြီဖြစ်ပြီး ကိုးချစ်လည်း နောက်ဆုံးနှစ်ရောက်ကာ ဒုတိယအဖြတ်တက်နေရပြီ။ ကံကောင်းထောက်မလို့ ကိုးချစ်တို့က ၅နှစ်တန်းဖြစ်သွားတာမို့ ကျောင်းသက်မရှည်တော့ပေ။
ဒုတိယအဖြတ်ရောက်တော့ စာနှစ်ဘာသာပဲသင်ရပြီး ကျန်တာတွေက အဆိုင်းမန့်တွေနဲ့ Thesis ရေးဖို့သာ လုံးပမ်းရသည်။

ဒီနေ့တော့ ရှားရှားပါးပါး ကိုကိုအားတဲ့ရက်လေးမို့ လျှောက်လည်ကြသည်။

" ကလေးလေး ကျောင်းပြီးရင် ဘာလုပ်မှာလဲ ''

" လောလောဆယ်စဥ်းစားထားတာတော့ အဆင်ပြေတဲ့နေရာမှာပဲ အလုပ်လျှောက်ပြီး ဆိုက်အင်ဂျင်နီယာဝင်လုပ်မလို့ ကိုကို... ပြီးမှ တဖြည်းဖြည်း decoration ပိုင်းကူးမယ်... အိမ်တွင်းအလှဆင်တဲ့ဘက်ကို ကိုးချစ် စိတ်ဝင်စားတယ်။ အသေးစိတ်တော့မရှိသေးဘူး ''

" အဟင်း..ဟင်း..ကောင်းပ ကောင်းပ ''

" ပြီးတော့ ကိုကိုမြေကွက်ရှာတော့လေ စုထားတာလောက်နေပြီ။ ''

" အင်း ကိုကိုလည်း အဲ့ဒီကိစ္စစဥ်းစားနေတာ ချစ်ချစ်လေးက ကျောင်းကိစ္စတွေနဲ့ မအားတော့ မသွားဖြစ်တာ ''

" ကိုကောင်းကြီးနဲ့ သွားလိုက် ကိုကို... ကိုးချစ်ကလည်း thesis ကိစ္စတွေရှုပ်နေတာ နောက်တစ်ပတ်ထဲ title defence လုပ်ရမယ် ''

" ပင်ပန်းနေတော့မှာ ကလေးလေးက များများစား ''

ကိုးချစ်ခေါင်းကို ဖွဖွပွတ်ကာပြောတော့ မျက်လုံးလေးတွေပိတ်သွားတဲ့ထိ ပြုံးပြလိုက်သည်။

" စာလုပ်ရတာ အဆင်ပြေရဲ့လား ညနက်တဲ့ထိ laptop နဲ့ထိုင်နေတာ ကိုကိုမကြိုက်ဘူးကွာ ဖြည်းဖြည်းလုပ်တာမဟုတ်ဘူး... ကလေးက ဇောကပ်လွန်းတယ်။ ကျန်းမာရေးထိခိုက်မယ် ''

" ဟုတ်ကဲ့ပါ။ ကိုးချစ်တို့အဖွဲ့က မြန်မြန်ပြီးချင်လို့လေ မျှလုပ်နေကြတာ ''

" ဘယ်နှယောက်အဖွဲ့လဲ ခင်ခင်ခတို့နဲ့လား ''

" ဟင့်အင်း မိသားစုဆရာမခွဲပေးတဲ့အဖွဲ့အတိုင်းပဲ ကိုးချစ်ရယ် ဝန်းရံခရယ် တခြားသူ သုံးယောက်ရယ် ''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now