Extra - 2 ( Kha & Maung )

7K 144 3
                                    

Uni

.
.
.
.

အိမ်ရှေ့ကြမ်းပြင်မှာ ချွေးသံတရွှဲရွှဲနဲ့ ဒိုက်ထိုးနေတဲ့ ကိုကို့ကိုကြည့်ပြီး ကိုးချစ်ရယ်နေရသည်။ ဒိုက်ထိုးနေရတဲ့ အကြောင်းက ဒီလိုရှိ၏။

.
.

တစ်နေ့က.....

" ကိုကိုရေ ဒီနေ့ client တစ်ယောက်တွေ့ဖို့ရှိတယ်။ ရုံးဆင်းမှတွေ့ရမှာဆိုတော့ မိုးချုပ်မှာ။ အဲဒါ ကိုကို ဆေးခန်းချိန်းတဲ့အချိန်လေးကို လိုက်ပို့ပါဦး။ ကိုးချစ် ရုံးအဆင်းကို အိမ်ကစောင့်မယ်''

ဆောက်လုပ်ရေးထဲ ဝင်လာတော့ အသိမိတ်ဆွေလေးတွေပေါများလာသည်။ UK ထိသွားပြီး ဘွဲ့ယူထားတာရော ကိုးချစ်က တော်တာရောမို့ အပြင်အလုပ်လေးတွေရနေပြီဖြစ်သည်။

" ရတယ်လေ။ သမီးကို ဘယ်လို လုပ်မလဲ။ မေမေတို့နဲ့ပဲ သိပ်မှာလား ''

" အင်း...အခြေအနေအရပေါ့ ကိုကိုရယ် ''

" အေး အေး ''
.
.

ရုံးကနေ အိမ်ပြန်ရောက်တော့ ကိုးချစ် ရေမိုးချိုးကာ ကိုကို့ကို လာကြိုဖို့ ဖုန်းဆက်ထားလိုက်သည်။

" လှလိုက်တာကွာ... မွ..''

" မနမ်းနဲ့ သူများအလှပြင်ထားတာ။ ကိုကို့ဆီက ပိုးသတ်ဆေးနံ့နံတယ်''

" ငြိုငြင်တာလား ကလေးလေးက''

ခါးကို ဖက်ပြီး ကိုးချစ် ပုခုံးပေါ် မေးတင်ထားရင်း ချွဲပြန်သည်။

" စတာပါ... သွားရအောင်။ နောက်ကျလို့မကောင်းဘူး ''

" ဖက်ထားချင်သေးတာ ''

" လူအိုကြီးကတော့လေ......''

ကိုးချစ်ပုခုံးပေါ် ခေါင်းတင်ထားတာမို့ ကိုကို့အရပ်ကြီးနဲ့ ခါးကိုင်းထားရသည်။

.... သူမို့လို့ မညောင်းတယ်.....

ကိုးချစ် တွေးရုံပဲ တွေးရဲသည်။ မဟုတ်ရင် သူဖက်တာကို ငြိုငြင်ပါတယ်ဆိုပြီး လူအိုကြီးက ဒရာမာခင်းလိမ့်မည်။

" ကဲ...  ကိုကိုရေ ကိုးချစ်နောက်ကျတော့မယ်''

" မွမွ  သွားမယ် ''

ဆေးရုံမှာ လူနာတွေကို ' သမီး ' ' သား ' ခေါ်ပြီး ဆေးစာရေး ခွဲစိတ်ခန်းဝင်နေတဲ့လူကြီးက ကိုးချစ်ရှေ့မှာတော့ ကလေးကြီးပင်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now