အပိုင်း - ၃၆

8K 198 21
                                    

Uni
.
.

.

ကလေးကို ပြန်ပို့ပြီးတော့ မင်းခန့်ညား စဥ်းစားခန်းဝင်ရသည်။ ကလေးက သူ့ကို အရမ်းချစ်ရှာတာ....

ဒါပေမယ့် သူ့ကြောင့် ထပ်နာကျင်စေမှာလည်း စိုးရိမ်မိသည်။
ပုံမှန်ဆို ပေါ့ပေါ့ပါးပါးနေတတ်ပေမယ့် ကိုးချစ်နဲ့ဆိုရင် ဒေါသက ထိန်းမနိုင် သိမ်းမရထွက်တတ်သည်။

နောက်ဆုံးတော့ မင်းခန့်ညား.. ကလေးလက်ကို အဆုံးထိဆွဲထားဖို့ ဆုံးဖြတ်လိုက်သည်။

" တူ...တူ...တူ...''

" ဟယ်လို...''

" ဟယ်လို မေမေ...''

" ကိုးချစ်နဲ့ မတွေ့ဘူးလား... ''

မေမေ့အသံက ခပ်ပြတ်ပြတ်ပဲ ဖြစ်သည်။

" တွေ့ပါတယ် မေမေ... သားလည်း ဒီတစ်ပတ်ထဲ ပြန်ခဲ့မလို့....''

" တစ်သက်လုံး နေလိုက်လေ...''

" မေမေကလည်းဗျာ.... သား ပြောပြမယ်... သားနဲ့ ကိုးချစ်က ချစ်သူတွေ ဖြစ်နေတာ ကြာပြီ...''

" အင်း...''

မေမေ့အသံက အံ့ဩမသွား....

" မေမေ .... တကယ်ပြောနေတာနော် သားက...''

" ငါသိပြီးသားပါ မင်းခန့်ညား ရယ်... ဒီလောက်ကဲသည်းနေတာကိုမှ မရိပ်မိရင် ငါ အ လို့ပေါ့...
ကိုးချစ်နဲ့ ရန်ဖြစ်ပြီး ထွက်သွားတာမလား အခုလည်း...''

" ကိစ္စလေးတွေ ဖြစ်သွားလို့ပါ မေမေ...''

" စကားရှည်ရှည် မပြောချင်ဘူး နင် ကလေးကို မဟုတ်တာ တစ်ခုခုများ အတင်းအကြပ်လုပ်လိုက်သလား...''

" ဟာ... ဘယ်က... ယုတ်ယုတ်မာမာအတွေးမျိုး စဥ်းတောင် မစဥ်းစားဖူးပါဘူး မေမေရယ်...ကိုယ့်သားကိုယ် မယုံဘူးလား...''

... ဟိုကောင်လား....

ဖေဖေ့အသံကို ကြားလိုက်ရသည်။

" ဟယ်လို...''

" ဟယ်လို ဖေဖေ...''

" မင်းပြန်လာစရာမလိုဘူး...ငါ့သမီးအချိန်တန်ရင် တခြားသူကို ​ပြောင်းချစ်သွားလိမ့်မယ်... အကုန်လုံးကို စိတ်ပူရအောင် လုပ်တဲ့ကောင် ပြန်မလာနဲ့...''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now