ကိုမောင့်အကြောင်း တစေ့တစောင်း

3.4K 86 8
                                    

Edited: :

ကိုမောင့်ဇာတ်ကောင်ကို သနားလွန်းလို့ လာပြောကြတာပါနော် 😁😁။ ဝေဖန်မကောင်းပြောကြတာမျိုးမဟုတ်ပါဘူးရှင်။ လာပြောတဲ့ ဒါဒါတွေ စိတ်မကောင်းဖြစ်ကြမှာစိုးလို့ရှင်းပြတာပါ။ မကောင်းမြင်တဲ့ သဘောမျိုးနဲ့ ဒီပို့စ်ကို ရေးတာမဟုတ်ပါဘူးရှင်။ ကိုမောင့်အကြောင်းလေးလည်း ပြောပြရင်း မယွန်းအကြောင်းလေးလည်း ဖောက်သည်ချရင်း ရေးတာပါလို့

Hello...

နှစ်ထောင့်နှစ်ဆယ့်ရှစ် နဲ့ပတ်သက်ပြီး ပြောပြစရာလေးရှိလို့ပါ။ အဆုံးထိဖတ်စေချင်ပါတယ်

မယွန်းကို ကိုမောင့်ကို ေ-သ ခိုင်းတဲ့ကိစ္စ Wattpad မှာရော messenger မှာပါ လာလာပြောကြပါတယ်။

ဒီ fic လေးထဲက ဦးကိုကိုမောင်ဆိုတဲ့လူက မယွန်း ဖေဖေပုံစံလေးကို စိတ်ကူးပြီးထည့်ထားတာပါ။ ဖေဖေက မယွန်း ငယ်ငယ်မှာပဲဆုံးပါတယ်။

ဖေဖေက ကိုမောင့်လိုပဲ အရပ်ရှည်ပြီး ဆံပင်ခွေခွေလေးတွေရှိပါတယ်။ ဆံပင်ခွေလေးကို အမြဲတိုတိုညှပ်ပြီး ချောနေအောင် ဖြီးထားတတ်ပါတယ်။ သိပ်အသန့်ကြိုက်တာပဲ။ ကွဲပြားတာက ဖေဖေက ဂျူးစပ်တော့ အသားဝင်းပါတယ်။ ကိုမောင့်ကိုတော့ အသားညိုတာလေးထည့်ရေးထားပါတယ်။

ကိုမောင်က ကိုးချစ်ကိုချော့သိပ်တဲ့ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းလေးက မယွန်းကို ဖေဖေအမြဲဆိုပြခဲ့တဲ့ သီချင်းပါ။ ဖေဖေက ဂီတာတီးတတ်တယ်။ သီချင်းဆိုတော်တယ်။ ဉာဏ်သိပ်ကောင်းတယ်။

ဖေဖေက ထူးအိမ်သင်ကြိုက်တယ်။ ဒိုးလုံးကြိုက်တယ်။ IC တို့ ဘဒင်တို့ဆိုတာ အသည်းစွဲပါ။ အမျိုးသမီးအဆိုတော်တွေထဲမှာ ဆုန်သင်းပါရ်အကြိုက်ဆုံးပါ။ ချောစုခင်၊ သျှီ ၊ မဒီ တို့ကလည်း ဖေဖေ ကြိုက်တဲ့ အမျိုးသမီးအဆိုတော်တွေပါ။
မယွန်းငယ်ငယ်က ယွန်း ဆိုတဲ့ နာမည်နဲ့ ကာရာအိုကေဆိုင်ဖွင့်ပါတယ်။ ဖအေတူသမီးဆိုတော့ ၄ နှစ်သမီး မယွန်းက ထွန်းအိန္ဒြာဘို ရဲ့ စီးရီးတစ်ခုလုံးကို အလွတ်ရတယ်လို့ မေမေကပြောဖူးပါတယ်။ အဲဒါကြောင့် တချို့အပိုင်းလေးတွေမှာ ဖေဖေ့အလွမ်းပြေ ဖေဖေ့အကြိုက်သီချင်းလေးတွေအမြဲထည့်ရေးတာပါ။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now