အပိုင်း - ၂၈

8K 216 7
                                    

Uni
.
.

" ပြန်လာပြီလား သား..''

မင်းခန့်ညား အိမ်ထဲဝင်လာတော့ မေမေက ဧည့်ခန်းမှာထိုင်ကာ စာရင်းတွက်နေသည်။

" ဟုတ် မေမေ...''

" ကိုးချစ် ကရော...''

" ဟိုဘက်အိမ်မှာနေခဲ့ပြီ ကလေးက A ငါးခုပဲ ရတာ ဟီး ဟီး...''

ဘားမဆိုင်ဘဲ အူမြူး​နေတဲ့သားကြောင့် အကြည်လှည့်ကြည့်လိုက်သည်။

" ဘာတုန်း...ဟီး..ဟီး..ဆိုတာကြီးက..''

" အမ်..ဘာမှမဟုတ်ပါဘူး..ဟဲ..ဟဲ..''

" ဟောတော်...မင်းခန့်ညား...ဘာတွေဖြစ်နေတာတုန်း တဟီးဟီး တဟားဟားနဲ့..''

" အာ...ဘာမှ မဟုတ်တော့ဘူး သား ခဏနားဦးမယ် ပြီးရင် ဆေးခန်းပြန်သွားရမှာ...''

" အေအေ...ဘာတွေဖြစ်နေမှန်းကို မသိဘူး...''

.
.

မင်းခန့်ညား အခန်းထဲရောက်မှ မွေ့ယာပေါ် ကန့်လန့်ဖြတ်လှဲချလိုက်သည်။ လူက ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတုန်း....

...ကိုကိုခန့်..ချစ်တယ်နော်....

ကားပေါ်က ဆင်းကာနီး ကလေးပြောသွားတာလေးကို ပြန်ကြားယောင်မိသည်။

" ဟာကွာ.... ရှက်လိုက်တာ... ''

ခေါင်းအုံးကို ဆွဲယူကာ ရင်ဘတ်မှာပိုက်ပြီး တအုံးအုံးထုချလိုက်သည်။

" ဖုန်းဆက်လိုက်ဦးမယ်...''

.
.

ကိုးချစ် ကားပေါ်ကဆင်းကာ အိမ်ထဲပြေးဝင်လာခဲ့လိုက်သည်။

" ဟော...ကိုးချစ်လေး ပြန်ခဲ့ပြီလား... ''

" ဟုတ် ဒေါ်ရီ..''

" အခြေအနေ...''

ကိုးချစ် ဒေါ်ရီ့ကို လက်မထောင်ပြကာ အခန်းထဲ ဝင်လာခဲ့လိုက်သည်။

" ဒါဆို ကိုကိုခန့်နဲ့ ငါက ရည်းစားတွေပေါ့....ဟီဟိ...တစ်မျိုးကြီးပဲ...''

ကိုကိုခန့်ပုံစံကို ပြန်မြင်ယောင်ကြည့်သည်။
အရပ်က ခြောက်ပေနီးပါးရှိပြီး မှုန်နေအောင်မချောပေမယ့် အသားဖြူဖြူ ရင်အုပ်ကားကားနှင့် နာမည်နဲ့လိုက်အောင် ခန့်ခန့်ညားညားရှိလှသည်။

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now