အပိုင်း - ၂၉

7.9K 211 17
                                    

.
.

ကိုးချစ် အိမ်ရောက်မှ ဆိုဖာမှာထိုင်ကာ ဟောဟဲဆိုက်တော့သည်။

" သမီး ခုမှပြန်လာတာလား...''

" ဟုတ် မေမေ ဟိုဘက်အိမ် ခဏဝင်နေလို့..''

" ဪ အေအေ..ဒီနေ့ငါ့သမီးက လှနေပါလား..''

ပြောရင်း မေမေက ကိုးချစ်နားလာထိုင်သည်။

" ရည်းစားတွေရနေပြီလား..''

ကိုးချစ် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။

....မြတ်စွာဘုရား... မေမေသိသွားပြီထင်တယ်...

" ဟင်... ရှိပါဘူး မေမေကလည်း..ဘာလို့လဲ ''

" အမလေး ငါ့သမီးက အပျိုလေးဖြစ်ပြီမို့မေးကြည့်တာပါ..မရှိသေးလည်း ပြီးရော..''

" ရည်းစားရှိလာရင် နှစ်ယောက်တည်းဆိတ်ကွယ်ရာအရပ်တွေ မသွားရဘူးနော် သမီး...''

" ဟုတ် မေမေ...''

" မေမေ့သမီးကလည်း မငယ်တော့ဘူး အပျိုဖော်ဝင်ပြီးတာလည်းကြာပြီမို့ မေမေ ပြောပြမယ်...''

" အရင်ခေတ်က သုံးနှစ်သုံးမိုးစောင့်ပြီးမှ ချစ်ကြရတယ်ဆိုတာလေ...လူတစ်ယောက်ကို လေ့လာချင်လို့အချိန်ယူတာ..
ဒီဘက်ခေတ်မှာတော့ အဲလိုတွေ မရှိတော့ပေမယ့် သမီးမှာလည်း ချစ်သူရှိလာရင် အချိန်တစ်ခုထိ လေ့လာရမယ်နော်....''

မေမေပြောပြတာတွေကို ကိုးချစ် ခေါင်းငြိမ့်ပြကာ နားစိုက်ထောင်လိုက်သည်။ မေမေက ကိုးချစ်ကို အသက်အရွယ်နဲ့အလိုက် သိအောင် အမြဲပြောပြတတ်သည်။

" တချို့ယောက်ျားလေးတွေက ရည်းစားဖြစ်ကာစနဲ့တင် အတူနေဖို့ လင်မယားအရာမြောက်ဖို့တောင်းဆိုတတ်ကြတယ်...
မိန်းကလေးဘက်ကလည်း သဘောမတူရင် ငြင်းနိုင်ရမယ်...
အဓိကကတော့ သမီး...မဖြစ်သင့်တာတွေဖြစ်လာရင် မိန်းကလေးဘက်က နစ်နာရတာလေ...
ဥပမာ....ကိုယ်ဝန်ရှိသွားတာမျိုး..အတူနေတာကို ခိုးရိုက်ထားပြီး အွန်လိုင်းပေါ်တင်ခံရတာမျိုးဆိုရင် ယောက်ျားလေးထက် မိန်းကလေးဘက်က ပိုထိခိုက်နစ်နာရတယ်...''

" မေမေကလည်း နှစ်ဖက်လုံးမှားတာကို ဘာလို့ မိန်းကလေးကိုပဲ ဖိပြောနေရမှာလဲ..''

နှစ်ထောင့်နှစ်ဆယ့်ရှစ် ( ၁၅၀၀ + ၅၂၈ ) ( Complete )Where stories live. Discover now